သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေဘေး နာလန်ထူရေးအစီအစဉ် ဝန်ကြီးချုပ် ကြေညာ

ထိုင်းရေဘေး နာလန်ထူရေးအစီအစဉ် ဝန်ကြီးချုပ် ကြေညာ
ထိုင်းရေဘေး နာလန်ထူရေးအစီအစဉ် ဝန်ကြီးချုပ် ကြေညာ

ထိုင်းနိုင်ငံမှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ ရေကြီးမှုဒဏ်ကနေ ပြန်လည်ထူထောင်ရေး အတွက် အဆင့် ၃ ဆင့် ပါ အစီအစဉ်တရပ်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) က ကြေညာ လိုက်ပါတယ်။

ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုပြီး အဆင့်သုံးဆင့်ပါ အစီအစဉ်ကို ဒီကနေ့ အင်္ဂါနေ့ ရုပ်မြင်သံကြားကတဆင့် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စယင်းလပ်က ချပြခဲ့တာပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်လည် ထိန်းသိမ်းဖို့၊ SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အပါအဝင် ရေဘေးဒဏ်ကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ထိုင်းလူမျိုးတွေကိုကူညီဖို့ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီ ရေဘေးအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ဒီသီတင်းပတ်အတွင်း အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ အပန်းဖြေကျွန်းမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်မယ့် အစီအစဉ်ကို ဖျက်ပြီး နိုင်ငံမှာပဲ ဆက်နေသွားမယ်လို့လည်း မစ္စယင်းလပ်က ကြေညာခဲ့ပါတယ်။

လပေါင်းများစွာ ရေကြီးနေခဲ့ပြီးတဲ့နောက် အခုအခါမှာ ရေပြန်ကျသွားပြီဖြစ်တဲ့ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းက နေရာ အများအပြားမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG