ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းဟာ အခုတရုတ်နိုင်ငံမှာရောက်နေပါတယ်။ သူနဲ့အတူ ဗြိတိန်အစိုးရ အဖွဲ့ထဲက ၀န်ကြီး ၄ ဦးနဲ့ ဗြိတိန်စီးပွားရေးသမား ၄၀ ကျော်တို့ ပါသွားကြပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်နဲ့ ဗြိတိန်၂ နိုင်ငံအကြား ကုန်သွယ်ရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဗြိတိန်နဲ့တရုတ်ကိုယ်စားလှယ်တွေဟာ ဒီကနေ့နဲ့မနက်ဖြန်မှာ ဆွေးနွေးပွဲတွေလုပ်ကြမှာဖြစ်ပြီး ပြီးရင် တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် စက်မှုထိပ်သီးညီလာခံကို ဗြိတိန်ကိုယ်စားလှယ်အဖွဲ့ ခရီးဆက်ကြ မှာပါ။
အခု တရုတ်ပြည်ခရီးစဉ်ဟာ ဗြိတိန်ကိုယ်စားလှယ်တွေ အရေအတွက်အများဆုံး တရုတ်ပြည်ကို ရောက် လာကြတဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ ဗြိတိန်နဲ့တရုတ်၂ နိုင်ငံအကြားက စီးပွားရေး ဆက်ဆံမှုကို အဆင့်သစ် တခုအထိရောက်အောင် မြှင့်တင်သွားချင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ပြောပါတယ်။ တရုတ်ပြည်မှာ အကျဉ်းချခံထားရတဲ့ အစိုးရနဲ့သဘောထားကွဲလွဲသူ လျှူရှောင်ဘို ငြိမ်းချမ်းရေးနိုဘလ်ဆု ရခဲ့ပြီးတဲ့နောက်ပိုင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွမ်းဟာ တရုတ်ပြည်ကိုပထမဆုံးရောက်လာခဲ့တဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တဦးဖြစ်ပါတယ်။
တရုတ်ခေါင်းဆောင်တွေနဲ့ သူတွေ့ဆုံတဲ့အခါမှာ လူ့အခွင့်အရေးကိစ္စတွေကို သူထည့်ပြောမယ်လို့ ဆိုပေမဲ့ လေးစားမှုထားပြီး နှစ်ဘက်နားလည်နိုင်မှုတွေအရ ပြောကြမှာလို့ဆိုပါတယ်။