သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဗြိတိသျှသံရုံးရှေ့ BBC သတင်းဌာနကို ဆန္ဒပြသူများ စုရုံး


BBC အင်္ဂလိပ်ဘာသာ၊ အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးခဲ့တဲ့သတင်းတပုတ်ကို မကျေနပ်ကြလို့ ရန်ကုန်မြို့က ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီသတင်းဆောင်းပါးမှာက မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေရဲ့ အကြောင်း ရေးသားတဲ့နေရာမှာ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ် ဖော်ပြခဲ့တာကြောင့် ဒီကနေ့ ရန်ကုန်၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့ လူတချို့က စုဝေးခဲ့ကြပါတယ်။ အဲဒီလိုမျိုး ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ်နဲ့ဖော်ပြခဲ့တာကြောင့် ဆန္ဒပြဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တွေက ပြောပြပါတယ်။ ဒီသတင်းကိုတော့ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီခွဲလောက်က စပြီးတော့ ရန်ကုန်၊ ကမ်းနားလမ်းက ဗြိတိသျှသံရုံးရှေ့မှာ BBC အင်္ဂလိပ်ဘာသာအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြဖို့ လူစုရုံးတာတွေ ဖြစ်ခဲ့ပါတယ်။ လူဦးရေ ၂၀ လောက်အထိရှိတဲ့ ကန့်ကွက်ဆန္ဒပြသူတွေဟာ ဆန္ဒပြခွင့်ပါမစ် မရတဲ့ အတွက် တရားဝင် ကန့်ကွက်ဆန္ဒပြတာတွေ မလုပ်ခဲ့ပေမယ့် နေ့လည် ၂ နာရီလောက်အထိ သံရုံးရှေ့မှာ စုရုံးတာတွေ ရှိခဲ့တယ်လို့ ဒီသတင်းကို ကိုယ်တိုင်သွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“ဘာအတွက်ကြောင့်လဲ ဆိုတော့ ရိုဟင်ဂျာနဲ့ပတ်သက်လို့ ဘာပြဿနာတက်လဲဆိုတော့ ရခိုင်ပြည်မြေပုံပေါ်မှာ ရိုဟင်ဂျာလို့ ထိုးထားတာတခုရယ်၊ ပြီးတော့ ဗလီတက်နေတဲ့ ကိစ္စတခုရယ်၊ သူတို့က ဘာပြောလဲဆိုတော့ သူတို့ ရခိုင်တွေက ဗုဒ္ဓဘာသာကိုးကွယ်တာ နှစ်ပေါင်းများစွာ၊ ဒီမြေပေါ်မှာပဲ ထောင်ချီပီးနေခဲ့တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ထောင်ချီပြီးနေခဲ့တယ်။ အခု ဒီလိုမျိုး စာထိုးလိုက်တယ် ဆိုတော့ သူတို့က မကျေနပ်ဘူးပေါ့။

အခု BBC က မှားနေတယ်။ မှားနေတဲ့ကိစ္စကို တောင်းပန်ဖို့ရယ်၊ သံရုံးကတဆင့် BBC သိအောင် ပြောဖို့ရယ်၊ နောက်တခုက အဲဒီ BBC မှားနေတာကို မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ရယ်၊ နောက်တခုက သတင်းထောက် အဲန်နာဂျုန်းကို BBC ကနေ ဖယ်ရှားပေးဖို့ရယ် ပြောပါတယ်ခင်ဗျ။ တောင်းဆိုချက်က ၂ ခုထဲပါ။

သူတို့ ဘာဆိုင်းဘုတ်မှလည်း မယူသွားဘူး၊ ဘာမှလည်း မအော်သွားဘူး၊ သူတို့ ပါမစ်မရလို့ ပြန်သွားတဲ့သူတွေတော့ ရှိပါတယ်တဲ့။ ဒါပေမဲ့ သူတို့က သံရုံးရှေ့မှာ မတ်တပ်ရပ်ပြီးတော့ အင်အားပြသွားပါတယ်။

BBC အင်္ဂလိပ်ဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေ အကြောင်း ဆောင်းပါးထဲ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ် အတွင်းမှာ ရိုဟင်ဂျာဓာတ်ပုံကို ဖော်ပြမိတဲ့အပေါ် အဓိကမကျေနပ်လို့ သူတို့ ဆန္ဒပြ ကန့်ကွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သူတို့က သတင်းထောက်တွေကို ရှင်းပြပါတယ်။ အခုလိုမျိုး သံရုံးရှေ့မှာ လူစုလူဝေးဖြစ်နေသလို အနီးတ၀ိုက်မှာလည်း လုံခြုံရေးတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

“လုံခြုံရေးကတော့ တင်းကြပ်တယ်လို့ တချက်ကြားပြီးတော့ ပြေးလာကြတဲ့သူတွေ ဘာတွေ ရှိပါတယ်။ အပွင့်တွေ ဘာတွေရော ဝေါ်ကီတော်ကီနဲ့ တခြားလူတွေနဲ့ရော ထွက်လာကြပါတယ်။ ပြီးတော့ သူတို့ လိုက်မေးနေတယ်။ ထုံးစံအတိုင်းပေါ့ဗျာ”

ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်က မွတ်စလင်တချို့နဲ့ ရခိုင်၊ မြန်မာ တချို့ အကြားမှာ အပြန်အလှန် ငြင်းခုန်ရေးသားတာတွေ ရှိနေခဲ့သလို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ပြည်ပရေဒီယို ဌာနတခုမှာ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားထဲမှာ မရှိဘူးလို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်ရမယ်လို့ ရိုဟင်ဂျာ ခေါင်းဆောင်က တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီ ပြဿနာဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG