သုံးရလွယ်ကူစေသည့် Link များ

အခုတပတ် အနုပညာမိုးကောင်းကင်မှာ တော့ မကြာခင် ရန်ကုန်မြို့မှာကျင်းပဖို့ရှိတဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် အကြောင်းကို နားဆင်ရမှာပါ။ အာဏာပိုင် တွေရဲ့ဆင်ဆာဖြတ်တောက်မှုတွေ မပါတဲ့ ရုပ်ရှင်အနုပညာဖန်တီးမှုတွေကို ပြပွဲအဖြစ်နဲ့ ရော ပြိုင်ပွဲအဖြစ်နဲ့ပါ ကျင်းပဖို့ ပြင်ဆင်နေ ကြပါပြီ။ ဒီပွဲမှာ ရုပ်ရှင်ဒါရိုက်တာ မောင်သူရ လို့ ခေါ်တဲ့ လူရွှင် တော်ဇာဂနာက ဦးဆောင် သူတဦးအဖြစ်ပါဝင်ပြီး ရုပ်ရှင်ဇတ်ကားတိုနဲ့ မှတ်တမ်းတင်ရုပ်ရှင်တွေကို လွတ်လွတ် လပ်လပ် ဖန်တီးကြဖို့ ဖိတ်ခေါ်နေပါတယ်။ ဆုရရှိသူတွေကို မြန်မာ့ဒီမိုကရေ စီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့် မှာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပွဲကိုစီစဉ်ရ သလဲ။ ဘယ်လို အနုပညာဖန်တီးမှုတွေကို မျှော်လင့်ထားသလဲ ဆိုတာတွေကို သိနိုင် အောင် ကိုကျော်အောင်လွင်က လူရွှင်တော် ဇာဂနာကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG