သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနှင့်တရုတ် လူ့အခွင့်အရေး တိုးတက်ဖို့ ဝန်ကြီးကလင်တန် တိုက်တွန်း

Des civils réagissant sur les lieux d'un attentat à la voiture piégée, devant un restaurant populaire de Bassora.
Des civils réagissant sur les lieux d'un attentat à la voiture piégée, devant un restaurant populaire de Bassora.

ကမ္ဘာ့စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့ဗဟိုချက်ဟာ ကမ္ဘာ့အရှေ့ပိုင်းကို ရွေ့လျားလာတာနဲ့အတူ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကန်ပြည်ထောင်စုက ပိုပြီး အာရုံစိုက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ ကျင်းပတဲ့ APEC လို့ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်ခင်မှာ အခုလို ပြောခဲ့တာပါ။ အဲဒီ ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမှာဖြစ်ပြီး သမ္မတ ဘားရက်အိုဘားမားက အိမ်ရှင် အဖြစ် တာဝန်ယူ ကျင်းပပေးမှာပါ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်တွေ့နေရပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို အကဲစမ်းမှုတွေ ရှိနေသေးတာကြောင့် အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ကူညီဖြေရှင်း သွားမယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ချထားတဲ့ ယမ်ငွေတန်ဘိုးကို မြှင့်ပေးခြင်းအားဖြင့် ကုန်သွယ်ရေးလုပ်တဲ့နေရာမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖယ်ရှားဖို့ ဝန်ကြီး ကလင်တန်က တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးကိစ္စမှာလည်း တိုးတက်လာအောင်လုပ်ဖို့ တရုတ်ကို တိုက်တွန်းပါတယ်။ တရုတ်ဘက်ကသာ အပြောင်းအလဲတွေကို လုပ်လာခဲ့မယ်ဆိုရင် တရုတ်နဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးအတွက် တည်ငြိမ်မှုနဲ့ တိုးတက်မှုတွေဖြစ်လာအောင် ခိုင်မာတဲ့ အုတ်မြစ် ချလိုက်သလို ဖြစ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်ဈေးကွက်ထဲကို ကုန်ပစ္စည်းတွေ တင်ပို့တဲ့အခါ မျှတတဲ့ အခွင့်အလမ်းတွေကို လိုချင်တယ်။ ဈေးကွက်ပြိုင်ဆိုင်မှုမှာလည်း တဘက်နဲ့တဘက် တန်းတူ ယှဉ်ပြိုင်ရသလိုဖြစ်ချင်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ သူဟာ ဟာဝိုင်အီကနေတဆင့် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကိုလည်း သွားဦးမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG