သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား WTO ဝင်ဖို့ အခွင့်အလမ်းပွင့်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် Pascal Lamy
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် Pascal Lamy

ရုရှားနိုင်ငံအတွက် အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်တခုကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO ရဲ့ လုပ်ငန်းအဖွဲ့တခုက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ကြာ စေ့စပ် ညှိနှိုင်းတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ရုရှားနိုင်ငံ WTO အဖွဲ့ဝင်ဖြစ်ဖို့ အလားအလာ ရှိသွားပြီဖြစ်ပါတယ်။

ရုရှားနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးကိစ္စကို အခုဆိုရင် အဖွဲ့ဝင် ၁၅၃ နိုင်ငံစလုံး တက်မယ့် ဒီဇင်ဘာလ အစည်းအဝေးမှာ ဆွေးနွေးပြီး နောက်ဆုံးအတည်ပြုချက်ရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း WTO က ဒီကနေ့ ကြာသပတေးနေ့မှာပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ ကုန်သွယ်ခွန်တွေပေါ် ကန့်သတ်ချက်နဲ့ နိုင်ငံခြား ဘဏ်တွေ ရုရှားနိုင်ငံမှာ ဘဏ်ခွဲ ဖွင့်ခွင့်ပြုဖို့ဆိုတာတွေ ပါဝင်ပါတယ်။

ရုရှားနိုင်ငံ WTO အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးထဲမှာ ပိုပြီး အခိုင်အမာ ပါဝင်လာစေ ပြီးတော့ စီးပွားရေးလုပ်ဖို့ ပိုပြီး ဆွဲဆောင်မှုရှိတဲ့နိုင်ငံ ဖြစ်လာစေမယ်လို့ WTO ညွှန်ကြားရေးမှူး ချုပ် Pascal Lamy က ပြောပါတယ်။

Abkhazia နဲ့ တောင်ပိုင်း Ossetia ဒေသတွေအပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတွေ အားလုံးကို သီးခြား လွတ်လပ်စွာ စောင့်ကြည့်ဖို့ပါဝင်တဲ့ အဓိက သဘောတူညီချက်တရပ်ကို ရုရှားနဲ့ ဂျော်ဂျီယာတို့ လက်မှတ်ရေးထိုးအပြီး နောက်တရက်မှာပဲ WTO လုပ်ငန်းအဖွဲ့က အတည်ပြုခဲ့တာပါ။ ဂျော်ဂျီယာကနေ ခွဲထွက်ထားတဲ့ အဲဒီဒေသနှစ်ခုမှာ ကုန်သွယ်ရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ရုရှားကပေးရမယ်လို့ ဂျော်ဂျီယာက ရပ်ခံတောင်းဆိုလာခဲ့တဲ့ အတွက် သဘောတူညီချက်ရဖို့ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG