သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား သြစတြေးလျားခရီးဆက်


အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အေပက် APEC ထိပ်သီးညီလာခံကျင်းပရာ ဟာဝိုင်အီကနေ သြစတြေးလျားကို မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည်မှာ ထွက်ခွာသွားခဲ့ပါပြီ။ သြစတြေးလျားခရီးစဉ်ဟာ သမ္မတအိုဘားမား မကြာခဏစီစဉ်ပြီးမှ ရွှေ့ဆိုင်းခဲ့ရတာတွေရှိခဲ့ပြီးတော့ အခုအခါမှာတော့ စီးပွားရေးနဲ့ လုံခြုံရေးတွေကို ၂ နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ မြို့တော် ကမ်ဘာရာကို ဆိုက်ရောက်လာမယ့် သမ္မတအိုဘားမားဟာ သြစတြေးလျားဝန်ကြီးချုပ် ဂျူလီယာဂေးလပ်နဲ့ (Julia Gillard) တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက် ၂ ဦးပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်မှာဖြစ်ပါတယ်။

မနက်ဖြန် ကြာသာပတေးနေ့မှာ သြစတြေးလျားပါလီမန်မှာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သြစတြေးလျားမြောက်ပိုင်းက မြို့တော် ဒါဝင်ကို သွားရောက်ပြီးတော့ ဒါဝင်မှာ အမေရိကန်မရိန်းတပ်စခန်းတခု အသစ်ဖွင့်လှစ်မယ့် အစီအစဉ်ကို ကြေညာမှာဖြစ်ပါတယ်။

အခု ခရီးစဉ်ဟာ အမေရိကန် သြစတြေးလျား ကာကွယ်ရေးပူးတွဲစာချုပ်တရပ် ချုပ်ဆိုခဲ့တဲ့ နှစ် ၆၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ် ခရီးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG