သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆန့်ကျင်ဆန္ဒပြမှု ၈၀ ကျော် သေဆုံး

ဆီးရီးယားဆန့်ကျင်ဆန္ဒပြမှု ၈၀ ကျော် သေဆုံး
ဆီးရီးယားဆန့်ကျင်ဆန္ဒပြမှု ၈၀ ကျော် သေဆုံး

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက လူပေါင်း ၈၀ ကျော်ကို သတ်ပစ်ခဲ့လို့ သမ္မတ ဘတ်ရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်တော်လှန်တဲ့ ၈ လတာကာလအတွင်းမှာ လူသေမှုအများဆုံး တိုက်ခိုက်မှုတခု ဖြစ်သွားရပါတယ်။

တနင်္လာနေ့က ဒါရာ့ (Daraa) ခရိုင်မှာ အရပ်သား ၃၈ ဦးနဲ့ စစ်တပ်ကနေ လက်နက်ချလာသူတွေလို့ ယူဆရသူ ၁၈ ဦးကိုပါ သတ်ပစ်တာကို မှတ်တမ်းတင်ထားတယ်လို့ ဗြိတိန်အခြေစိုက် Syrian Observatory for Human Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဟာမာ့ခရိုင်မှာလည်း တနင်္လာနေ့ကပဲ သေဆုံးမှု အများအပြားရှိခဲ့သလို ဟွမ်းစ် မြို့မှာလည်း လူတွေ အများအပြား အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဟွမ်းစ် မြို့မှာက နှိပ်စက်ညှင်းပမ်းခံထားရတဲ့ဒဏ်ရာတွေနဲ့ လူသေအလောင်းတွေ လမ်းတွေပေါ်မှာ စွန့်ပစ်ထားတာတွေ့ရတယ်လို့ အဲဒီအဖွဲ့ကပဲ ပြောပါတယ်။

စစ်တပ်ကနေပြီးတော့ လက်နက်ချလာသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဆီးရီးယားလွတ်လပ်ရေးတပ်က တနင်္လာနေ့မှာ သူတို့နဲ့အစိုးရတပ်တွေကြား တိုက်ပွဲတွေအတွင်းမှာ အစိုးရစစ်သား ၃၄ ဦးမက သေဆုံးသွားတယ်လို့ Syria Observatory အဖွဲ့က ပြောပါတယ်။ ဆီးရီးယားအစိုးရဟာ နိုင်ငံခြားသတင်းထောက်တွေကို သူတို့နိုင်ငံထဲ ပေးမဝင်တာကြောင့် သေဆုံးသူဦးရေကို သီးသန့် အတည်မပြုနိုင်ပါဘူး။

ဒီလအတွင်းမှာ အစိုးရရဲ့နှိပ်ကွပ်မှုကြောင့် အစိုးရကို ဆန့်ကျင်သူ နောက်ထပ် ၂၀၀ လောက်လည်း သေဆုံးရပါတယ်။ အများအပြားကတော့ ဟွမ်းစ်မြို့မှာဖြစ်ကြတယ်လို့ ဆီးရီးယားအခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

This item is part of
XS
SM
MD
LG