သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် ဖိလစ်ပိုင်နဲ့ထိုင်းသို့ သွားရောက်


၀န်ကြီးကလင်တန် ဖိလစ်ပိုင်နဲ့ထိုင်းသို့ သွားရောက်
၀န်ကြီးကလင်တန် ဖိလစ်ပိုင်နဲ့ထိုင်းသို့ သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အနေနဲ့ ဖိလစ်ပိုင်အရာရှိတွေနဲ့ အခု အင်္ဂါနေ့ကစလို့ တွေ့ဆုံနေရာမှာ ဖိလစ်ပိုင်နဲ့ တရုတ် ရေပိုင်နက်အငြင်းပွားမှုကိစ္စဟာ အဓိကဆွေးနွေးချက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ အင်ဒိုနီးရှားမှာလုပ်မယ့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကို တတ်ရောက်ရင်း ဒေသတွင်းက ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံကိုပါ ဝင်ရောက်တာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ဒေသတွင်းနိုင်ငံတွေ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ အပေါ်မှာ အမေရိကန်ရဲ့ထောက်ခံမှုရဖို့အတွက် ဖိလစ်ပိုင်သမ္မတ ဘန်နီနို အကွီနိုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဖိလစ်ပိုင်နဲ့ အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် ယူထားတာ နှစ် ၆၀ ရှိခဲ့ပါပြီ။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကလင်တန်အနေနဲ့ အာရှခရီးစဉ်အတွင်းမှာ အခုလို ဒေသတွင်းက အခြေအနေတွေကို ဆွေးနွေးဖို့ရှိသလို မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း အမေရိကန်ဘက်က နောက်ခြေလှမ်းအဆင့် ဘယ်လိုလှမ်းမလဲ စဉ်းစားချက်ကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက သတင်းဌာနတွေကို ပြောထားပါတယ်။

XS
SM
MD
LG