သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းဖို့ သမ္မတ ယူဒိုယိုနိုတိုက်တွန်း


တောင်တရုတ်ပင်လယ်ကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းဖို့ သမ္မတ ယူဒိုယိုနိုတိုက်တွန်း
တောင်တရုတ်ပင်လယ်ကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းဖို့ သမ္မတ ယူဒိုယိုနိုတိုက်တွန်း

မြန်မာနိုင်ငံ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌလုပ်ရေး ကိစ္စအပြင် ဒီအာဆီယံ နှစ်စဉ် ထိပ်သီးညီလာခံမှာပဲ တောင်တရုတ်ပင်လယ်တွင်း လုံခြုံရေးစိုးရိမ်မှုတွေကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒေသတွင်း စီပွားရေးချိတ်ဆက် ပူးပေါင်းရေးဟာလည်း ဒီဆွေးနွေးပွဲခေါင်းစဉ်ထဲမှာ အဓိကကိစ္စအနေနဲ့ ပါခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအဖွင့်မှာ အိမ်ရှင်အင်ဒိုနီးရှားသမ္မတက တရုတ်၊ထိုင်ဝမ်နဲ့အာဆီယံ နိုင်ငံတချို့အကြား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဒီတောင်တရုတ်ပင်လယ်တွင်းကကျွန်းတွေ ပြဿနာဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအနေနဲ့ အားလုံး သက်တောင့်သက်သာ ဆွေးနွေးနိုင်မယ့် အခင်းအကျင်းတခု ဖန်တီးပေးထားတယ်လို့ ဆိုလိုက်ပါတယ်။

သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက သမိုင်းတလျှေက် စမ်းသပ်သက်သေပြခဲ့တာက အာဆီယံဟာ ရင့်ကျက်တဲ့ အဖွဲ့တခုဖြစ်လာနေပြီး ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးတွေကို ဖော်ဆောင်ပေးနိုင်နေပြီလို့ သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ ဆိုလိုက်ပါတယ်။ ျ

လက်ရှိအာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဖိလစ်ပိုင်ဘက်ကတင်ပြလာတဲ့ ဒီတောင်တရုတ်ပင်လယ်ပြဿနာ ဖြေရှင်းရေးမှာ တိုက်ရိုက်ထိပ်တိုက် ရင်ဆိုင်မှုမျိုး မဖြစ်ရအောင် ပျော့ပြောင်းအောင်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG