သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရန် ခုခံနိုင်ကြောင်း တိုင်ဝမ်စစ်အင်အားပြ


တရုတ်ရန် ခုခံနိုင်ကြောင်း တိုင်ဝမ်စစ်အင်အားပြ

တရုတ်နိုင်ငံက တိုက်ခိုက်လာတာကို ခုခံကာကွယ်နိုင်ကြောင်း ပြသတဲ့အနေနဲ့ ထိုင်ဝမ်းကျွန်းမှာ ဒီကနေ့ စစ်ရေးလေ့ကျင်မှုကြီးတခု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်လုပ် F – 16 တိုက်လေယာဉ်နဲ့ ထိုင်ဝမ်လုပ် ခုခံ ကာကွယ်ရေး တိုက်လေယာဉ်အပါအ၀င် တိုက်လေယာဉ် ၄ ခုနဲ့ ထိုင်ဝမ်ကျွန်းက Pintung ခရိုင် အဝေးပြေးလမ်းမကြီးမှာ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာပါ။ အဲဒီ တိုက်လေယာဉ်တွေကို အဝေးပြေးလမ်းမကြီးပေါ်က အရေးပေါ် ဆင်းသက်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ ဆင်းဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေ ဆိုးရွားနေတဲ့အတွက် အဲဒီအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်းတို့လည်း အဲဒီ စစ်ရေးလေ့ကျင့်မှုထဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ချန်ကေရှိတ် ဦးဆောင်တဲ့ ကူမင်တန် အမျိုးသားရေးဝါဒီ အုပ်စုတွေကို မော်စီတုံး ဦးဆောင်တဲ့ ကွန်မြူနစ်တွေက တရုတ်ပြည်မကြီးက တိုက်ထုတ်လိုက်တဲ့ ၁၉၄၉ ခုနှစ်ကစလို့ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်း နှစ်ခြမ်း ကွဲသွားခဲ့တာပါ။

ဒါပေမယ့် ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြည်မကြီးက သတ်မှတ်နေဆဲဖြစ်ပြီး ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားနေတာမှာ လိုအပ်ရင် တပ်အင်အားပါ အသုံးပြုမယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားပြီးသားပါ။

XS
SM
MD
LG