သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ဟု သတင်းစာတွေမှာ ဖော်ပြ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ဟု သတင်းစာတွေမှာ ဖော်ပြ

မြန်မာစစ်ကောင်စီခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးကနေ တရားဝင် အနားယူလိုက်ပြီ ဆိုတာကိုပြတဲ့ သတင်းတပုဒ် ဒီကနေ့ထုတ် မြန်မာအစိုးရအာဘော် သတင်းစာတွေထဲမှာ ပါလာပါတယ်။

ကမ္ဘာအေး၊ မဟာပါသာဏလိုဏ်ဂူမှာ ပင့်ဆောင် ပူဇော်ထားတဲ့ တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော် အတွက် အလှူငွေပေးအပ်သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုရဲ့နာမည်တွေကို ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နာမည်နောက်မှာ ကွင်းစကွင်းပိတ်နဲ့ (ငြိမ်း) ဆိုပြီးတော့ ဖော်ပြထားတာဖြစ်ပါတယ်။ ရာထူးကနေ တရားဝင် အနားယူသွားပြီဖြစ်တဲ့ စစ်ဘက်နဲ့အရပ်ဘက် အရာရှိကြီးတွေရဲ့ နာမည်တွေနောက်မှာ အဲဒီလို ဖော်ပြလေ့ရှိတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ စစ်ဘက်ရာထူးကနေ တရားဝင် အငြိမ်းစား ယူသွားပြီ ဆိုတဲ့သဘော သက်ရောက်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့ပြီး သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ကို အာဏာ လွှဲပြောင်းပေးပြီးတဲ့ နောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကိုဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်ပြီး ကြိုးကိုင်ထားတယ်လို့ မြန်မာ့အရေး လေ့လာသူအများအပြားက သုံးသပ်ထားကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်အချိန်က စပြီး တရားဝင် အငြိမ်းစားယူသွားတယ်။ အစိုးရအဖွဲ့ပေါ်မှာ သူ့ရဲ့သြဇာ လွှမ်းမိုးမှု ရှိနေသေးတယ် မရှိတော့ဘူးဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG