သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမဲလ်ဂန်ဇိုရီကို အီဂျစ်ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်


ကမဲလ်ဂန်ဇိုရီကို အီဂျစ်ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်
ကမဲလ်ဂန်ဇိုရီကို အီဂျစ်ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်

အီဂျစ်နိုင်ငံမှာ အရင် အရပ်ဘက် ဝန်ကြီးအဖွဲ့က ဝန်ကြီးချုပ် အဆမ်ရှရစ် နုတ်ထွက်ပြီးနောက် အစိုးရသစ်တရပ်ဖွဲ့ဖို့အတွက် အရင်ဝန်ကြီးချုပ်ဟောင်း ကမဲလ်ဂန်ဇိုရီကို တာဝန်ပေးအပ်လိုက်တယ်လို့ စစ်အစိုးရအုပ်ချုပ်နေတဲ့ အီဂျစ်နိုင်ငံသတင်းမှာ ကြာသာပတေးနေ့က ဖော်ပြလိုက်ပါတယ်။

အစိုးရရဲ့ အယ်အဟန်းသတင်း ဝက်ဆိုက်စာမျက်နှာမှာတော့ ဂန်ဇိုရီဟာ အီဂျစ်စစ်ကောင်စီ SCAF ရဲ့ အကြီးအကဲ ဟူစိန်တန်တာဝီနဲ့ တွေ့ဆုံအပြီးမှာ အမျိုးသားကယ်တင်ရေး အစိုးရတရပ်ကို ဦးဆောင်ဖို့ အတွက် မူအားဖြင့် သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီဂျစ်နိုင်ငံမှာ အကြမ်းဖက်မှုတွေအရှိန်မြင့်လာခဲ့ပြီး လူပေါင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့ရပေမဲ့ အရင်စီစဉ်ထားတဲ့အတိုင်း တနင်္လာနေ့မှာပဲ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပပေးမှာဖြစ်ကြောင်း စစ်ကောင်စီက ခိုင်ခိုင်မာမာပြောကြားခဲ့ပါတယ်။

ဒီလိုဆန္ဒပြသူတွေကို ရက်ပေါင်းများစွာ ခြေမှုန်းနေရာကနေ ကြာသာပတေးနေ့ကတော့ သေဆုံးခဲ့ ရမှုတွေအတွက် စစ်ကောင်စီက ဝန်ချတောင်းပန်ခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ ထောင်နဲ့ချီတဲ့ အီဂျစ်နိုင်ငံသား ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ယာယီငြိမ်းချမ်းရေးတရပ် ရခဲ့ပေမယ့် ကိုင်ရိုမြို့က တဲရာရင်ပြင်မှာ ဆန္ဒပြသူ လူအုပ်ကြီးရှိနေဆဲဖြစ်ပြီး စစ်ခေါင်းဆောင်တွေ ချက်ခြင်း နုတ်ထွက်အောင် ဖိအားပေးတောင်းဆိုဖို့ ပြင်နေကြပါတယ်။

ဒါဟာယုံကြည်မှုကို သစ္စာဖောက်တာမျိုးလို့ စစ်ကောင်စီက ဗိုလ်ချုပ်မာ့ခ်တဒါ အယ်မာလာက ပြောပါတယ်။ ဆန္ဒပြပွဲလှုပ်ရှားသူတွေကတော့ သောကြာနေ့မှာ နောက်ထပ် လူထုဆန္ဒပြပွဲကြီး တရပ်ကို ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG