သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ပါကစ္စတန်သပိတ်မှောက်မည်

ပါကစ္စတန်ဝန်ကြီးချုပ် Yusuf Raza Gilani
ပါကစ္စတန်ဝန်ကြီးချုပ် Yusuf Raza Gilani

ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်မှာ အာဖဂန်နိုင်ငံရဲ့အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ယူ နေတဲ့ နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ပါကစ္စတန်စစ်သား ၂၄ ယောက် သေဆုံးသွားခဲ့တဲ့အတွက် နိုင်ငံတကာညီလာခံကို သပိတ်မှောက်ဖို့ ပါကစ္စတန်နိုင်ငံက ဆုံးဖြတ် လိုက်ပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ လာဟိုးမှာအစည်းအဝေးမှာ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွပ်၊ ရာဇာ၊ ဂီလာနီက အခုလို သပိတ်မှောက်ဖို့ သဘောတူ ခဲ့တာဖြစ်ကြောင်း အရာရှိတွေက ပြောတာပါ။ လာမယ့် တနင်္လာနေ့မှာ ဂျာမဏီနိုင်ငံ၊ ဘွန်းန်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာညီလာခံကတော့ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာသွားချိန်မှာ အာဖဂန်နယ်စပ် အခြေအနေ တည်ငြိမ်ရေး မဟာဗျူဟာဖွံ့ဖြိုးရေး ညှိနှိုင်းကြမယ့် ဒီညီလာခံကို ပါကစ္စတန်နိုင်ငံတက်ရောက်ဖို့ကို အမေရိကန်နဲ့ အာဖဂန်အရာရှိတွေက တိုက်တွန်းခဲ့ကြတာပါ။

တနင်္လာနေ့နှောင်းပိုင်းက ဗြိတိသျှ ရုပ်မြင်သံကြားဌာန ITV နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာတင် ဒမ့်ပစီ က ရန်သူ့လက်ချက်ကြောင့် မဟုတ်ဘဲ ပါကစ္စတန်စစ်သား ၂၄ ယောက် ကျဆုံးခဲ့ရတာဟာ ပါကစ္စတန်နိုင်ငံအတွက် တကယ်ပဲ ဒေါသထွက်စရာ ဖြစ်ကြောင်းပြောပေမယ့် စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခင် တောင်းပန်ဖို့ကိုတော့ ငြင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက် နေစဉ်မှာ ဗိုလ်ချုပ်ကြီး Dempsey က အမှန်တရားကို ရှာဖွေစစ်ဆေးပြီးတဲ့အထိ ပါကစ္စတန်အနေနဲ့ စိတ်ရှည်သည်းခံပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့နေရာဟာ အာဖဂန်ရဲ့ ကူနာပြည်နယ်နဲ့ ပါကစ္စတန်က မွန်မာလူမျိုးစုတွေနေထိုင်ရာ နှစ်နိုင်ငံ နယ်စပ်ဒေသ အငြင်းပွားမှုဖြစ်နေတဲ့ နေရာလည်းဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG