တရုတ်နိုင်ငံရေပိုင်နက်လို့ အခိုင်အမာပြောနေတဲ့ ပင်လယ်ပြင်ဧရိယာထဲမှာ တရုတ်နိုင်ငံက လေယာဉ်တင် သင်္ဘောကို ဒုတိယအကြိမ် ရေချလိုက်ပါတယ်။ ဒီ လေယာဉ်တင်သင်္ဘောကို အင်္ဂါနေ့က ရေချပြီး စမ်းသပ်ခုတ်မောင်းခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီ ဆိုဗီယက်လေယာဉ်တင် သဘောင်္ဟောင်းကို ၁၉၉၈ ခုနှစ်မှာ ယူကရိန်းကနေ ဝယ်ပြီး လွန်းတင်ထားရာကနေ ပြီးခဲ့တဲ့ သြဂတ်စ်လထဲမှာ ပထမအကြိမ် ရေချပြီး စမ်းသပ်စစ်ဆေးမှုလုပ်ခဲ့တာပါ။
ဒီ လေယာဉ်တင်သင်္ဘောနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ရှင်းရှင်းလင်းလင်း မရှိတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ် အာဏာပိုင်တွေဘက်တော့ ဒီလေယာဉ်တင်သင်္ဘောက ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ဘူးလို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ပတ်သက်လို့ ဂျပန်နဲ့ သံခင်းတမန်ခင်းအရ အချင်းများနေသလို တောင်တရုတ် ပင်လယ်ဘက်မှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ စီးပွားဖြစ်ထွက်ရာ ရေပိုင်နက် ဧရိယာမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတာလည်း ရှိပါတယ်။