သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုက်ကယ်ဂျက်ဆင်ဆရာဝန် ထောင်ဒဏ်ပေးခံရ


မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် Conrad Murray
မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် Conrad Murray

၂၀၀၉ ခုနှစ်က ကမ္ဘာကျော်ပေါ့ပ် အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့မှုအတွက် သူ့ရဲ့ဆရာဝန် ဒေါက်တာ ကော့နက် မူရေး Conrad Murray ကို နိုဝင်ဘာလ ၂၃ ရက်နေ့က လော့စ် အိန်ဂျလိစ် တရားရုံးချုပ်က တရားသူကြီး မိုက်ကယ်လ် ပါ့စ်တာက Michael Pastor က ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ကို ဆေးတွေအလွန်အကျွံပေးခဲ့မှုကြောင့် လူသေမှုနဲ့ ပြစ်မှုထင်ရှားတယ်လို့ ဒီလအစောပိုင်းက တရားရုံးချုပ်က ဆုံးဖြတ်ပြီး အခုလို စီရင်ချက် ချခဲ့တာပါ။ ဒါပေမယ့်လည်း ကာလီဖိုးနီးယားပြည်နယ်က ထောင်တွေမှာ အကျဉ်းကျသူတွေ များပြားလွန်းနေတာကြောင့် ဒေါက်တာမူရေးက သူ့ရဲ့ထောင်ဒဏ် ၄ နှစ်ထဲက ကာလတဝက်လောက်ကိုပဲ ကျခံရဖို့ ရှိနေပါတယ်။

တရားသူကြီးရဲ့စီရင်ချက်မှာ ဒေါက်တာမူရေးကို မဆင်မခြင် ဆရာဝန်တယောက်ဖြစ်ပြီးတော့ သမားဂုဏ်နဲ့ မညီညွတ်သူလို့ ဖော်ပြထားပါတယ်။ အိပ်မပျော်တဲ့ဝေဒနာခံစားနေရသူ မိုက်ကယ်ဂျက်ဆင်ကို ပြင်းပြင်းထန်ထန် သတိမေ့သွားစေတဲ့ ပရိုပိုဖောလ် (Propofol) ဆေးပြင်းပြင်းတွေပေးခဲ့ပြီး ဒီလိုလုပ်ခဲ့တာကိုလည်း ဝန်မခံဘဲ အကြိမ်ကြိမ်ငြင်းဆန်ခဲ့သလို မိုက်ကယ်ဂျက်ဆင်ကို အခုလို ကုထုံးအမှားနဲ့ ဆေးတွေ ပေးခဲ့တဲ့အပေါ်မှာလည်း ဒေါက်တာမူရေးက နောင်တရတဲ့ပုံမပေါ်ဘူးလို့ တရားသူကြီးပါ့စ်တာက ပြောဆိုခဲ့ပါတယ်

ဒေါက်တာမူရေးရဲ့ရှေ့နေတွေကတော့ မိုက်ကယ်ဂျက်ဆင်ဟာ သူ့ဟာသူမဆင်မခြင်ဘဲ သေစေလောက်တဲ့ပမာဏအထိ ဆေးတွေကို သောက်သုံးခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG