သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma အသုံးအနှုန်း အမေရိကန်ဆက်သုံးစွဲ

Southeast asia map
Southeast asia map

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကို ပြသတဲ့ အနေနဲ့ Myanmar အစား Burma လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရလက်ထက်က Burma ကနေ Myanmar ဆိုပြီး ၁၉၈၉ခု နှစ်မှာ ပြောင်းလဲသုံးစွဲခဲ့တာပါ။

ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေတော်တော်များများကတော့ စစ်အစိုးရက ပြည်သူ့ဆန္ဒ မပါဘဲ တိုင်းပြည်နာမည်ကို ပြောင်းလဲသုံးစွဲခဲ့တာကြောင့် Myanmar ဆိုတာကို အသိအမှတ်မပြုဘဲ Burma လို့ဆက် ပြီးသုံးစွဲနေကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Burma လို့ဆက်ပြီး သုံးစွဲနေပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က အနိုင်ရခဲ့ပေမဲ့လည်း အာဏာလွှဲပေးတာမရှိဘဲ စစ်တပ်ကပဲ တိုင်းပြည်ကိုဆက်ပြီး အုပ်ချုပ်လာတာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်က Myanmar အစား Burma ဘားမားကို သုံးစွဲနေတာပါ။

This item is part of
XS
SM
MD
LG