သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယား နိုင်ငံရေးအကျဉ်းသား ၉ ရာကျော် ထပ်လွှွတ်


ဆီရီးယား နိုင်ငံရေးအကျဉ်းသား ၉ ရာကျော် ထပ်လွှွတ်
ဆီရီးယား နိုင်ငံရေးအကျဉ်းသား ၉ ရာကျော် ထပ်လွှွတ်

ဆီးရီးယားနိုင်ငံက ဒါရာပြည်နယ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်မှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၉၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း အစိုးရကကြေညာပါ တယ်။

နောက်ဆုံးအဖြစ်အပျက်တွေထဲမှာ ပါဝင်ပတ်သက်သူ ၉၁၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မနေ့ကပဲ ဆီးရီးယား အစိုးရက ပြောပါတယ်။ ဒီလစောစောပိုင်းတုန်းကလည်း ဖမ်းဆီးထားသူ ၁,၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ အစိုးရပိုင် ဆာနားသတင်းဌာနက ပြောပါတယ်။

ဆီးရီးယားနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ကတော့ ဒါရာမြို့နားက ရွာတရွာထဲကို အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ သံချပ်ကာကားတွေ ဝင်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအုပ်စုက ဗီအိုအေကိုပြောတဲ့အထဲမှာတော့ ဒါရာဒေသမှာ အစိုးရ စစ်တပ်ကားတွေ ဖောက်ခွဲခံရတဲ့ အသံတွေကိုကြားရပြီး အစိုးရတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖြိုခွဲချေမှုန်းနေတာနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရကို နိုင်ငံတကာကကနေ အကြီးအကျယ် အပြစ်တင် ရှုတ်ချနေတာပါ။

ဆီးရီးယားအစိုးရ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပြီး အစိုးရဆန့်ကျင်သူတွေကို နှိမ်နင်းနေတာတွေ ရပ်တန့်ဖို့ ဖိအားပေးမယ်လို့ တူရကီနိုင်ငံက မနေ့ကပဲ ကြေညာပါတယ်။

XS
SM
MD
LG