သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ရေဘေး ကာကွယ်မှု ရပ်ကွက်အချို့ မကျေနပ်


ဘန်ကောက်ရေဘေး ကာကွယ်မှု ရပ်ကွက်အချို့ မကျေနပ်
ဘန်ကောက်ရေဘေး ကာကွယ်မှု ရပ်ကွက်အချို့ မကျေနပ်

ရေကြီးနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဆင်ခြေဖုံးရပ်ကွက်မှာ ရှိနေတဲ့အချက်အခြာနေရာတွေမှာ ရေတက်ပြီးတော့ ရေဝဲကတော့တွေပါ ဖြစ်ပေါ်လာတဲ့အတွက် ရေဘေးဒဏ် ခံနေရတဲ့သူတွေဟာ ပိုပြီးတော့ ကြောက်လန့်ဒေါသထွက်နေကြတယ်လို့ ဆိုပါတယ်။

ရေဘေးအန္တရာယ်ကြုံနေရတဲ့ ဒေသခံတချို့ကတော့ သူတို့နေထိုင်ရာရပ်ကွက်ထဲက ခါးလည်အထိ တက်နေတဲ့ ရေတွေ ကျသွားဖို့ မြို့လယ်မှာရှိတဲ့ ရေထိန်းအကာအရံရဲ့ အကျိုးအပေါက်တချို့ကို ချိုးဖျက်ပြီးတော့ ရေတွေစီးထွက်သွားအောင် လုပ်နေကြပါတယ်။

မြင့်တက်လာတဲ့ရေတွေ ပင်လယ်ထဲကို စီးထွက်သွားစေဖို့ ရေတံခါးတခုဖွင့်ဖို့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ရေထိန်းတံခါးဖွင့်လိုက်ခြင်းအားဖြင့် ရေဘေးအန္တရာယ် ကြုံရနိုင်စရာရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

XS
SM
MD
LG