သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး ရုရှားသွားရောက်


မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး ရုရှားသွားရောက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ပါးသွားဖို့ ရုတ်တရက်ကြိုးစားနေကြချိန်မှာ မြောက်ကိုရီးယားက သူ့ရဲ့ ထိပ်တန်း သံတမန်တဦးကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် ဗဟိုသတင်းအေဂျင်စီက နိုင်ငံခြားရေးဝန်ကြီး Pak Ui-Chun ဟာ မော်စကိုမြို့ကို ထွက်ခွာသွားပြီလို့ စာတကြောင်းတည်းပါတဲ့သတင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ နောက်ထပ် အသေးစိတ်သတင်းကိုတော့ ဘာမှမပြောခဲ့ပါဘူး။

နိုင်ငံခြားရေးဝန်ကြီး Pak ဟာ ရုရှားနိုင်ငံရဲ့ Interfax သတင်းအေဂျင်စီကို မနေ့က ပြောရာမှာတော့ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဆီက ခြိမ်းခြောက်မှု အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့အတွက် နျူကလီးယား လက်နက် ထူထောင်တာဟာ လုပ်သင့်တဲ့ကိစ္စတခု ဖြစ်တယ်လို့ ဆိုပါတယ်။ သူက ဒီနှစ်နိုင်ငံဟာ ရန်လိုမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ရုရှားနိုင်ငံဟာ မြောက်ကိုရီးယား နျူကလီးယား လုပ်ငန်းစဉ်ကို ရပ်ဆိုင်းဖို့ ကြိုးစားနေတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲထဲက အဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပါတယ်။ ဒီ ၆ နိုင်ငံထဲမှာ ကိုရီးယား နှစ်နိုင်ငံနဲ့ တရုတ်၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG