သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု မြန်မာထိပ်ဆုံးစာရင်းဝင်


အဂတိလိုက်စားမှု မြန်မာထိပ်ဆုံးစာရင်းဝင်
အဂတိလိုက်စားမှု မြန်မာထိပ်ဆုံးစာရင်းဝင်

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၃ နိုင်ငံထဲမှာ အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံတခုအဖြစ် အဆင့် ၁၈၀ မှာ ရှိနေတယ်ဆိုတာကို မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အညွှန်းကိန်း အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

Transparency International လို့ခေါ်တဲ့ အကျင့်ပျက်ခြစားမှု လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့က ပြုစုထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းထဲမှာ အဲဒီလို ဖော်ပြထားတာပါ။

အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံး ၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနဲ့ ဆိုမာလီယာနိုင်ငံ တွေပါဝင်ပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ရွေးကောက်ပွဲတွေပြီးတဲ့နောက် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက တာဝန်ရှိသူအဆင့်အသီးသီးမှာ အကျင့်ပျက် ခြစားတာတွေက သိသိသာသာ လျော့ကျမသွားသေးဘဲ ဆက်ရှိ နေတုန်းပါပဲ။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း တာဝန်ရှိသူတွေက အကျင့်ပျက်ခြစားတာကို တိုက်ဖျက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပေမဲ့ အကျင့်ပျက်ခြစားမှု ရှိနေဆဲနိုင်ငံတခုဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံတွေထဲမှာ နယူးဇီလန်က ထိပ်ဆုံးမှာရှိပြီး အဲဒီနောက်မှာ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေရှိပါတယ်။ အမေရိကန်နိုင်ငံကတော့ အဆင့် ၂၄ မှာရှိပါတယ်။

XS
SM
MD
LG