သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ဒေါ်စုထံစာပါး


သမ္မတအိုဘားမား ဒေါ်စုထံစာပါး
သမ္မတအိုဘားမား ဒေါ်စုထံစာပါး

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ဝန်ကြီးကလင်တန်ကနေ တဆင့် စာတစောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကနေတဆင့် စကားပြောခဲ့တာကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွေကြောင့် အချိန်တော်တော်ကြာကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားနေခဲ့တာ ဖြစ်တဲ့အကြောင်း၊ ဝန်ကြီးကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာပြည်ကို အမေရိကန် ပြည်ထောင်စုက ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲ ဆိုတာကို လေ့လာစူးစမ်းသွားမှာ ဖြစ်လို့ ဒီခရီးစဉ်ကို ကြိုဆိုမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲရပ်တည်သွားမှာဖြစ်တဲ့အကြောင်း သမ္မတအိုဘားမားရဲ့ စာထဲမှာဖော်ပြထားပါတယ်။

သမ္မတအိုဘားမားက သမ္မတဦးသိန်းစိန်ဆီကိုအကြောင်း ကြားလိုက်တဲ့အထဲမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက လေ့လာ အကဲဖြတ်နေတဲ့ ကာလမှာ ခိုင်မာတဲ့ရလာဒ်တွေ ထွက်လာအောင်လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။

XS
SM
MD
LG