သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိုပိတ်ဆို့မှု EU ထပ်တိုးမည်


ဆီးရီးယားကိုပိတ်ဆို့မှု EU ထပ်တိုးမည်
ဆီးရီးယားကိုပိတ်ဆို့မှု EU ထပ်တိုးမည်

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ဖို့အတွက် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီမှုရကြောင်း အီးယူအဖွဲ့ဝင် သံအမတ်ကြီးတွေက ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက black list စာရင်းသွင်းထားမှုကို ထပ်တိုးလိုက်သလို ခရီးသွားလာမှု ပိတ်ဆို့ရေး၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရေး စတာတွေကို ပြုလုပ်ထားပါတယ်။ ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အစိုးရကဖြိုခွဲမှုတွေကို ရပ်ဆိုင်းသွားအောင် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကိုင်ရိုမြို့မှာရှိတဲ့ အာရပ်လိဂ် အဖွဲ့ကြီးကလည်း ဆီးရီးယားနိုင်ငံသား ၁၇ ဦးကို အာရပ်နိုင်ငံတွေအတွင်း ခရီးသွားလာမှုတားမြစ်လိုက်ပါတယ်။ အဲဒီထဲမှာ သမ္မတ ဘာရှာ၊ အယ်လ်အာဆတ်ရဲ့ညီအကိုတော်စပ်သူနဲ့ အဖွဲ့ဝင်တွေ၊ ဆီးရီးယားနိုင်ငံမှာ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တဦး ပါဝင်ပါတယ်။

အဲဒီစာရင်းတွေကို ထောက်ခံချက်ရယူဖို့အတွက် ဒိုဟာမှာ လာမယ့်တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် အာရပ်လိဂ်အဖွဲ့ရဲ့ အစည်းအဝေးမှာ တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG