သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ ဆန္ဒပြသူ ၂၅၀ ကျော် ဖမ်းဆီးခံရ


ရုရှားရွေးကောက်ပွဲ ဆန္ဒပြသူ ၂၅၀ ကျော် ဖမ်းဆီးခံရ
ရုရှားရွေးကောက်ပွဲ ဆန္ဒပြသူ ၂၅၀ ကျော် ဖမ်းဆီးခံရ

ရုရှားနိုင်ငံရဲ့ပါလီမန်လွှတ်တော် ရွေးကောက်ပွဲမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ မကျေနပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မကြုံစဖူး ဆန္ဒပြမှုတွေ ဖြစ်ပွားလာပြီး ၂ ရက်အကြာမှာ အစိုးရက ဆန္ဒပြသူ ၂၅၀ ထက်မနည်းကို ဆက်ပြီးတော့ ဖမ်းဆီးထားပါတယ်။

အမေရိကန် သံတမန်တဦးကလည်း အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဆန္ဒပြသူ အများစုကို မော်စကိုမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို စီစဉ်ဆောင်ရွက်သူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ထိပ်တန်း အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ အင်ဒီရာ ယာဆင်လည်း ပါဝင်ပါတယ်။

သူ့ကို မော်စကိုမှာ ရုံးထိုင်တဲ့ တရားရုံးတခုက တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့ရဲ့ဝတ္တရားကို နှောင့်ယှက်တယ်ဆိုပြီး ထောင်ဒဏ် ၁၅ ရက် အပြစ်ပေးလိုက်ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း၊ စိန့်၊ ပီတာဘတ်စ် မြို့မှာလည်း အင်္ဂါနေ့က အလားတူ ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၁၂၀ လောက်ကို ဖမ်းဆီးထားပါတယ်။

ရုရှားအစိုးရက မြို့တော် မော်စကိုတဝိုက် ဆန္ဒပြပွဲတွေ မဖြစ်ပွားအောင် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့တွေ ချထားတယ်လို့ တာဝန်ရှိသူတွေက ပြင်သစ်သတင်းဌာန အေအက်ဖ်ပီကို ပြောပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ရုရှားနိုင်ငံရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး အမှန်တကယ်ကို စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီကလင်တန်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုရှားသမ္မတ ဒီမီထရီ၊ မက်ဗီဒက်ကတော့ ရွေးကောက်ပွဲဟာ ရိုးသား၊ တရားမျှတပြီးတော့ ဒီမိုကရေစီကျကြောင်း ခုခံပြောဆိုပါတယ်။

XS
SM
MD
LG