သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ စီးပွားရေး အဆင့်လျှော့ သတ်မှတ်ဖို့ သတိပေးခံရ

ပြင်သစ်သမ္မတ Nicolas Sarkozy နဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel
ပြင်သစ်သမ္မတ Nicolas Sarkozy နဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel

နိုင်ငံတကာမှာ အကြွေးပေးနိုင်တဲ့ အဆင့်အတန်းကို သတ်မှတ်တဲ့ Stand and Poor (S and P) ကုမ္ပဏီက ဥရောပ ယူရိုငွေကြေးသုံးစွဲတဲ့ဒေသရဲ့ အဆင့်အတန်းကို လျှော့ချဖို့ ဖြစ်နိုင်တဲ့အကြောင်း သတိပေးလိုက်ပြီးတဲ့နောက် ဂျာမဏီဝန်ကြီးချုပ် အင်ဂလာမာကဲလ်နဲ့ ပြင်သစ်သမ္မတ နီကိုးလပ်၊ ဆာကိုဇီတို့က ယူရိုငွေကြေး သုံးစွဲတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို သေသေချာချာပြုလုပ်ဖို့ တွန်းအားပေးမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။

ဥရောပရဲ့ အင်အားကြီး ၂ နိုင်ငံအနေနဲ့ S and P ကုမ္ပဏီရဲ့ သတိပေးချက်ကို အလေးဂရုပြုကြောင်းနဲ့ ယူရိုငွေကြေး သုံးစွဲတဲ့ဒေသအတွင်း တည်ငြိမ်မှုစေရေးအတွက် လိုအပ်ချက်မှန်သမျှကို ဂျာမဏီနဲ့ ပြင်သစ် ၂ နိုင်ငံတို့က ညီညီညွတ်ညွတ်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြင်သစ်နဲ့ ဂျာမဏီအပါအဝင် ယူရိုငွေကြေး အသုံးပြုတဲ့ ၁၇ နိုင်ငံထဲက ၁၅ နိုင်ငံအနေနဲ့ ဥရောပရဲ့ကြွေးမြီပြဿနာနဲ့ပတ်သက်ပြီး အားလုံးပါဝင်ပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ မလုပ်ဘူးဆိုရင် ထိပ်ဆုံးအဆင့်ဖြစ်တဲ့ အေ ၃ လုံးအဆင့်ကနေ လျှော့ချပစ်ဖို့ ရှိတဲ့အကြောင်း S and P ကုမ္ပဏီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးအသုံးပြုမှုကို ထိန်းချုပ်ဖို့အတွက် ဥရောပသမဂ္ဂအီးယူက သဘောတူညီမှု အသစ်တခုကို ချမှတ်ဖို့ မစ္စက် မာကဲလ်နဲ့ မစ္စတာ ဆာကိုဇီတို့က တနင်္လာနေ့ စောစောပိုင်းမှာ တောင်းဆိုခဲ့ကြပါတယ်။ ပြင်သစ်နဲ့ ဂျာမဏီ ၂ နိုင်ငံအနေနဲ့ အခုလို ပြဿနာကို ဦးစီးဦးဆောင်ပြုပြီး ဖြေရှင်းပေးဖို့ အရေးကြီးတယ်လို့လည်း ပြင်သစ်သမ္မတ ဆာကိုဇီက ပြောဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG