သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်စနစ်စော်ကားမှု အမေရိကန်တဦး ထောင်ဒဏ်လ ၃၀ ကျ

ထောင်ဒဏ် လ ၃၀ ကျခံရသူ အမေရိကန်နိုင်ငံသား၊ ထိုင်းနွယ်ဖွား Joe Gorden
ထောင်ဒဏ် လ ၃၀ ကျခံရသူ အမေရိကန်နိုင်ငံသား၊ ထိုင်းနွယ်ဖွား Joe Gorden

ထိုင်းနိုင်ငံံခုံရုံးတခုက ထိုင်းဘုရင်စနစ်ကို စော်ကားတဲ့ပြစ်မှုနဲ့ အမေရိကန်နိုင်ငံသား ထိုင်းနွယ်ဖွား တဦးကို လပေါင်း ၃၀ ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ရှိ ထိုင်းနိုင်ငံမှာ မွေးပြီး အမေရိကန်နိုင်ငံသားဖြစ်လာသူ Joe Gorden ဟာ ထိုင်းဘုရင့်မိသားစုကို သိက္ခာကျစေမယ့် စာအုပ်တခုကို သူရဲ့ အင်တာနက်ဘလော့ပေါ်မှာ တင်ခဲ့တဲ့အပေါ် အခုလို အပြစ်ပေးလိုက်တာပါ။

မစ္စတာ Gorden က နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ ကိုယ်ရေးရာဇဝင်ကို အင်္ဂလိပ်ဘာသာရေးနဲ့ ရေးထားတဲ့စာအုပ်ကို ထိုင်းလိုဘာသာပြန်ပြီး အမေရိကန်မှာရှိနေစဉ် အခုလို သူရဲ့ ဘလော့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

အမေရိကန်အနောက်အလယ်ပိုင်းက ကော်လိုရာဒို ပြည်နယ်မှာနေခဲ့တဲ့ Gorden ဟာ ထိုင်းနိုင်ငံကို မေလမှာ သွားလည်စဉ် အခုလို အဖမ်းခံခဲ့ရတာပါ၊ အစပိုင်းတုန်းကတော့ ဘန်ကောက်မြို့က ပြစ်မှုဆိုင်ရာခုံရုံးတခုက သူကို ( ၅) နှစ် ထောင်ဒဏ်အပြစ်ချမှတ်ခဲ့ပေမဲ့ အောက်တိုဘာလမှာ သူက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် ဒီပြစ်မှုကို လျော့ပေးလာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ် Elizabeth Pratt ကတော့ ဒီပြစ်မှု အပြစ်ပေးတာ ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG