သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် အကြည်ညိုပျက်စေမှုနဲ့ တက်ကြွသူတဦး ထောင် ၁၅ နှစ် အပြစ်ပေးခံရ


ထိုင်းဘုရင် အကြည်ညိုပျက်စေမှုနဲ့ တက်ကြွသူတဦး ထောင် ၁၅ နှစ် အပြစ်ပေးခံရ
ထိုင်းဘုရင် အကြည်ညိုပျက်စေမှုနဲ့ တက်ကြွသူတဦး ထောင် ၁၅ နှစ် အပြစ်ပေးခံရ

ထိုင်းနိုင်ငံမှာ ၂၀၀၈ ခုနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုထဲမှာ တော်ဝင်ဘုရင့်မိသားစုကို ဆန့်ကျင်စော်ကားတာ တွေ ထည့်သွင်းပြောကြားခဲ့မှုနဲ့ အင်္ကျီအနီဝတ်ဆန္ဒပြအဖွဲ့ အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် (Daranee Charnchoeng- silpakul) ကို ဘန်ကောက်မြို့ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

ဒါးတော်ပီဒို (Da Torpedo) လို့ ၂၀၀၈ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း ထင်ရှားခဲ့သူ မစ္စ ဒါယန်နီးကို မူလက ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားတာကနေ အယူခံဝင်ခဲ့တာကြောင့် သူမရဲ့အမှုကို ပြန်လည်စစ်ဆေးပြီး ပြစ်ဒဏ်ကို ပြင်ဆင်ချမှတ်လိုက်တာပါ။ သူ့အနေနဲ့ အခုနောက်ဆုံးပြစ်ဒဏ်အတွက် အယူခံ ထပ်မဝင်တော့ဘူးလို့ မစ္စ ဒါယန်နီးက ပြောပါတယ်။

ဖျက်သိမ်းခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ထိုင်းရပ်(ခ်)ထိုင်း (Thai-Rak-Thai) ပါတီဝင်ဟောင်းတွေနဲ့ ပြန်ပြီး ဖွဲ့စည်းထားတဲ့ အင်္ကျီအနီဝတ်တွေရဲ့ ပွေထိုင်း (Phue Thai)မှာလည်း မစ္စ ဒါယန်နီးဟာ ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။ မစ္စ ဒါယန်နီးဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးဥပဒေတစ်ခုဖြစ်တဲ့ ထိုင်းတော်ဝင်မိသားစုကို ဆန့်ကျင်မှုဆိုင်ရာဥပဒေနဲ့ ပြစ်မှုထင်ရှား စီရင်ခံရသူတွေထဲက နောက်ဆုံးပြစ်ဒဏ်ချခံရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း အသက် ၆၁ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းအစိုးရအရာရှိတစ်ဦးဆီ တော်ဝင်မိသားစုအပေါ် မဖွယ်မရာရေးသား ထားတာတွေကို text message နဲ့ ပေးပို့ခဲ့မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG