သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုအတွက် ပြင်သစ်သမ္မတဟောင်းအပေါ် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်

ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရတဲ့ ပြင်သစ်သမ္မတဟောင်း ဂျော့ရှီရတ် (Jacques Chirac)
ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရတဲ့ ပြင်သစ်သမ္မတဟောင်း ဂျော့ရှီရတ် (Jacques Chirac)

ပြင်သစ်သမ္မတဟောင်း ဂျော့ရှီရတ်ကို အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနဲ့ ပြစ်မှုထင်ရှားတဲ့အတွက် တရားသူကြီးက မစ္စတာရှီရတ်ကို ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ပေးလိုက်တာပါ။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ အမှုတမှုဖြစ်ပါတယ်။ အနှစ် ၅၀ အတွင်း ပြင်သစ်သမ္မတဟောင်းတဦးအနေနဲ့ ပထမဆုံး တရားစွဲဆို ခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ အသက် ၇၉ နှစ်အရွယ် မစ္စတာ ရှီရတ်ကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် တရားခွင်ကို မလာရောက်နိုင်ခဲ့ပါဘူး။

၁၉၇၇ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် မစ္စတာ ရှီရတ်ဟာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်မှုတို့နဲ့ ပြစ်မှုထင်ရှားတွေ့ခဲ့တာကြောင့် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG