သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်အဖွဲ့ချုပ်အကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်


အာရပ်အဖွဲ့ချုပ်အကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အကြီးအကျယ် နှိမ်နင်းခံနေရတာကို လေ့လာဖို့ အာရပ်နိုင်ငံများအဖွဲ့ချုပ်က ရှေ့ပြေးလေ့လာရေးအဖွဲ့တခု ဆီးရီးယားနိုင်ငံကို မနေ့က ရောက်လာပါတယ်။

လာမယ့်သတင်းပတ်တွေအတွင်း ထပ်ရောက်လာမယ့် အာရပ်အဖွဲ့ချုပ်က စောင့်ကြည့်လေ့လာသူတွေအတွက် မနေ့ကရောက်လာတဲ့အဖွဲ့က လုပ်ငန်းအခြေအနေတွေကို ကြိုတင်လုပ်ဆောင်ထားမှာပါ။ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က နှိမ်နင်းမှုတွေ ရပ်မလားဆိုတာကို အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့လေ့လာသူတွေက စောင့်ကြည့်သွားမှာပါ။

အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဟုမ်းစ်ဒေသမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် မနေ့တုန်းက လူ၂၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အစိုးရရဲ့ နှိမ်နင်းမှုတွေကို ရပ်တန့်ဖို့ နိုင်ငံ တကာရဲ့ ဖိအားတွေရှိနေတဲ့အချိန်မှာပဲ ဆီးရီးယားအစိုးရက လေ့လာစောင့်ကြည့်သူတွေကို နှိင်ငံအတွင်း အ၀င်ခံဖို့ သဘောတူခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး အစိုးရတပ်တွေရဲ့ နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရသူပေါင်း၂၅၀ ထက်မနည်း ရှိခဲ့တယ်လို့ ဆီးရီးယားအတိုက်အခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့ကနေ အရေးယူဆောင်ရွက်ဖို့ကိုလည်း ဆီးရီးယား အတိုက်အခံတွေက တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG