သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပြုပြင်မှုလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် တိုက်တွန်း


တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က စီးပွားရေးတိုးတက်မှု စိတ်ချရအောင်နဲ့ လူထုအတွင်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ် ကို ရှောင်လွှဲနိုင်အောင် နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ လာမယ့်နှစ် အနားမယူမီ သူ့ရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အလေးအနက်ပြောဆိုလိုက်ပါတယ်။

တရုတ်အမျိုးသားပြည်သူ့လွှတ်တော်ရဲ့ နှစ်ပတ်လည်အစည်းအဝေး နောက်ဆုံးနေ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ၁၉၆၆ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးပုံစံမျိုး အုံကြွပေါက်ကွဲလာမယ့် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ပြုပြောင်းလဲရေးမလုပ်ကြဘူးဆိုရင် လွန်ခဲ့တဲ့အနှစ် ၃ဝ အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အမြတ်ထွက်ခဲ့တာ တွေလည်း ဆုံရှုံးနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ၃ နာရီကြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရဲ့သာယာဝပြောမှုကို လူထုအကြား မျှတစွာဖြန့်ဝေဖို့နဲ့ တရုတ်ငွေလဲနှုံးကို နိုင်ငံတကာဈေးကွက်နဲ့အညီ နှုန်းရှင်ထားခွင့်ပြုရေးစတဲ့ စီးပွားရေး ပြုပြောင်းလဲဖို့ကိုပါ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG