သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အစိုးရကိုယ်စားလှယ်အဖွဲ့ သေနတ်နဲ့ အပစ်ခံရ


အမေရိကန်တပ်ကြပ်ကြီး ပစ်သတ်ခဲ့လို့ အာဖဂန်အရပ်သား ၁၆ ယောက် သေဆုံးခဲ့တဲ့ရွာတွေထဲက ရွာတရွာကို သွားရောက်ခဲ့တဲ့ အာဖဂန်အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တဦး သေနတ်နဲ့ အပစ်ခံရပါတယ်။

ဒီနေ့ တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့ပါတယ်။ ဘယ်သူတွေက တိုက်ခိုက်တာလဲဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ တာလီဘန်တွေကတော့ အရပ်သားတွေအသတ်ခံရတာနဲ့ ပတ်သက်လို့ တွေ့တဲ့ အမေရိကန်ကို ခေါင်းဖြတ် မယ်လို့ ကြုံးဝါးနေတာဖြစ်ပါတယ်။

အာဖဂန်အရှေ့ပိုင်း Jalalabad မြို့မှာ အရပ်သားတွေအသတ်ခံရတာနဲ့ ပတ်သက်လို့ ရာနဲ့ ချီတဲ့လူထု ဆန္ဒပြပွဲတရပ်ကို ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ထူးထူးကဲကဲ ကျင်းပခဲ့ပါတယ်။ အမေရိကန်တွေ ကျဆုံးပါစေလို့ ဆန္ဒပြသူတွေက ကြွေးကျော်ခဲ့ကြပါတယ်။

ဒီလိုအဖြစ်အပျက်တွေ၊ ဆန္ဒပြပွဲတွေရှိနေပေမဲ့လည်း သမ္မတအိုဘားမာအနေနဲ့ အာဖဂန်ရှိ အမေရိကန် တပ်ဖွဲ့တွေကို တက် သုတ်ရိုက် ပြန်ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အာဖဂန်တပ်ဖွဲ့တွေ လက်ထဲ လုံခြုံရေးတာဝန်တွေ လွှဲပြောင်းပြီးတဲ့အချိန် ၂၀၁၄ ခုနှစ်ကျမှသာ စီစဉ်ထားတဲ့အတိုင်း ရုပ်သိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အရပ်သားတွေကို ပစ်သတ်ခဲ့တဲ့ အမေရိကန် တပ်ကြပ်ကြီးကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG