သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ ပထမအကျော့ ရွေးကောက်ပွဲ ဆာကိုဇီ ဒုတိယလိုက်


ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီ
ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီ

ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီဟာ အခုပြီးခဲ့တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ ဒုတိယနေရာ ရထားပြီး တဲ့နောက် ရွေးကောက်ပွဲတွေအတွက် လက်ယာစွန်း မဲဆန္ဒရှင်တွေကို ချဉ်းကပ် စည်းရုံးနေပါတယ်။ ပြီးခဲ့တဲ့ ပထမ အကျော့ သမ္မတရွေးကောက်ပွဲအတွင်းမှာ သူဟာ မဲ ၂၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ သူ့ပြိုင်ဘက် ဆိုရှယ်လစ်ဝါဒီ Francois Hollande ဟာ ၂၈ ရာခိုင်နှုန်းနဲ့ ရှေ့က ပြေးနေပါတယ်။

လက်ယာစွန်းဝါဒီ Marine Len Pen ကတော့ ပထမအကျော့ ရွေးကောက်ပွဲ အတွင်း မဲအရေအတွက် ၁၈ ရာခိုင်နှုန်းကျော် အနိုင်ရနေတာမို့ ရွေးကောက်ပွဲ လေ့လာသူတွေက အံအားသင့်စေခဲ့ပါတယ်။ သူဟာ နိုင်ငံ အတွင်း ပြောင်းရွှေ့လာမှု တွေကို ဆန့်ကျင်တဲ့ အမျိုးသားတပ်ဦးပါတီရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အခုလို အမျိုးသားတပ်ဦးပါတီကို မဲပေးသူတွေကို လေးစားရမယ်လို့ မစ္စတာဆာကိုဇီက ပြောပါတယ်။

ဒါပေမယ့် ဆိုရှယ်လစ်ဝါဒီ Mr.Hollande ကတော့ ဒီမဲတွေကို မစည်းရုံးပါဘူး။ မစ္စတာဆာကိုဇီရဲ့ မအောင်မမြင် ဖြစ်တဲ့ မူဝါဒတွေကြောင့် အကွဲကွဲ အပြားပြား ဖြစ်ခဲ့တဲ့ ပြင်သစ် လူ့အဖွဲ့အစည်း အတွင်း ပြန်လည်ညီညွတ်မှု ရအောင် လုပ်သွား မယ်လို့ Mr.Hollande က ပြောပါတယ်။ သန်းကြွယ် ချမ်းသာသူတွေ အပေါ်မှာ အခွန် အကောက်တွေ တိုးမြှင့်ကောက်သွားမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG