ဗဟိုအစိုးရရဲ့ အသုံးစရိတ်နဲ့ပတ်သက်လို့ လွှတ်တော်နှစ်ရပ် သဘောတူညီချက်မရတာကြောင့် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းကောင်း ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ တနလာၤနေ့မှာတော့ လာမယ့် နိုဝင်ဘာဘာလ ၁၈ ရက်နေ့ အထိ ဆက်ပြီး လည်ပတ်နိုင်မယ့် ယာယီအသုံးစရိတ် ဥပဒေကို အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ အမေရိကန် ဗဟိုအစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ သမ္မတအိုဘားမားရဲ့ အလုပ်အကိုင်ခန့်ထားရေး ဥပဒေ အဆိုပြုချက်ကို ထောက်ခံဖို့ မဲဆွယ်စည်းရုံးပွဲတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့က ဆွေးနွေးတင်ပြထားပါတယ်။