အမေရိကန်ပြည်ထောင်စုမှာ စတော့ရှယ်ယာတွေ ဈေးကျပြီး ငွေကြေးဈေးကွက် အရှုံးပေါ်နေတဲ့အချိန် သမ္မတအိုဘားမားအနေနဲ့ မိသားစုနဲ့ ဆယ်ရက် အပန်းဖြေခရီးထွက်နေတာ မသင့်တော်ဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတအိုဘားမားကတော့ အမေရိကန်ပြည်ထောင်စုမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေး သူ့ဘက်က အဆိုပြုချက်တွေကို ဥပဒေအဖြစ်ပြဌာန်းပေးဖို့ အမေရိကန် လွှတ်တော်ကို တိုက်တွန်းနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။