သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်


နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကနေ လျှပ်စစ်ဓါတ်ရအောင်ပြောင်းပြီး သုံးစွဲတဲ့ အထဲမှာ အခုနောက်ဆုံး လေယာဉ်ပျံတစီး ပျံသန်းနိုင်တဲ့အထိ တိုးတက်မှုတွေတွေ့လာရတာတာကို VOA သတင်းထောက် Suzanne Presto ရဲ့တင်ပြချက်ပေါ် အခြေခံပြီး တင်ပြထားပါတယ်။

Switzerland နိုင်ငံ Payerne ပေယမ်မြို့ကလေးကနေ ဇူလိုင်လ ၇ ရက်နေ့ မနက်မှာ စတင်ပျံသန်းတဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပျံကိုမောင်းနှင်သူဟာ အသက် ၅၇ နှစ်အရွယ် Andre Borschberg အန်ဒရေ ဘော့ရှ်ဘက် ပါ။ သူဟာ Swiss စစ်တပ်က တိုက်လေယာဉ်မောင်းသူတဦးဖြစ်ပါတယ်။

ဒီလို နေရောင်ခြည်စွမ်းအင်ကိုသုံးပြီးဝေဟင်မှာ ပျံသန်းဖို့စတင်ကြံစည်သူကတော့ ကမ္ဘာတပတ် မိုးပျံဘူပေါင်းနဲ့ အောင်အောင်မြင်မြင် ပတ်နိုင်ခဲ့သူ ဒေါက်တာ ဘာထရန် ပစ်ကတ် Bertrand Piccard ပါ။

လေယာဉ်ဆီလုံးဝမသုံးပဲ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse HB- SIA လေယာဉ်လေးဟာ တယောက်စီးလေယာဉ်ပါ။ သူ့တောင်ပံဟာ ထူးထူးခြားခြားရှည်ပြီး ပေပေါင်း ၂၀၈ ပေရှိပါတယ်။ တောင်ပံပေါ်မှာ နေရောင်ခြည်ကိုရယူတဲ့ ဆိုလာ Cells တွေရှိပြီး နေ့အချိန်ပျံသန်းတဲ့အခါ နေရောင်ခြည်ကတဆင့် အတွင်းက ဘက်ထရီအိုးကို အားဖြည့်ပေးပါတယ်။ ဒါမှ ညအချိန်ပျံသန်းချိန်မှာ သိမ်းထားတဲ့ ဘက်ထရီစွမ်းအားနဲ့ မော်တာကိုလည်စေတာ ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး ပျံသန်းခဲ့ချိန်ဟာ ၂၆နာရီ ၉မိနစ်ကြာပါတယ်။ solar panels ပေါင်း တသောင်းနှစ်ထောင်ကနေရတဲ့ နေရောင်ခြည်စွမ်းအင်နဲ့ ပျံသန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG