သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအကြောင်း ရုပ်ရှင်


ဒေါ်စုအကြောင်း ရုပ်ရှင်
ဒေါ်စုအကြောင်း ရုပ်ရှင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းကို THE LADY ဆိုတဲ့ အမည်နဲ့ရုပ်ရှင် ရိုက်ကူးနေပါပြီ။ ပြင်သစ်ဒါရိုက်တာ LUC BESSON က ရိုက်ကူးပြီး မင်းသမီး MICHELLE YEOH က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်တဦးအဖြစ်ပါဝင်တဲ့ ထိုင်းအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုမင်းဌေးဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတဲ့သူဖြစ်ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတဲ့စစ်ဗိုလ်တဦးအဖြစ် သရုပ်ဆောင်ခဲ့ရသူပါ။

ကိုမင်းဌေးဟာ ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ ရမ်ဘိုဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားကို စိတ်ဝင်တစား သိမြင်လိုကြတဲ့ ရုပ်ရှင်ချစ်သူ ပရိတ်သတ်အတွက် ကိုကျော်အောင်လွင်က ကိုမင်းဌေးရဲ့အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းပြီး အခုတပတ် အနုပညာ မိုးကောင်းကင်မှာ တင်ဆက်ပေးပါလိမ့်မယ်။

XS
SM
MD
LG