Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးရဲ့  ဒီမိုကရေစီရေးလှုပ်ရှားမှုတွေထဲမှာ အနုပညာ ဖန်တီးမှုတွေလည်း ပါဝင်ပါတယ်။ အခုနောက်ဆုံး သူတို့တင်ဆက်ထားတဲ့ Left hand of the boxer ဆိုတဲ့ သီချင်း မှာတော့ ဒိန်းမတ်နိုင်ငံက ဂီတပညာရှင်တချို့ နဲ့ပူးပေါင်းပြီး Generation Wave အဖွဲ့ဝင်တွေ သီဆိုထားတာပါ။ ဒီသီချင်းကို ဗီဒီယိုအနေနဲ့လည်း ပူးပေါင်းဖန်တီးထားပါတယ်။
တဘက်လူမှောက်သွားအောင်ထိုးမယ့်လက်သီးဟာ ပြည်သူတွေရဲ့  ညာလက်သီးပါပဲတဲ့။ ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။