သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲနောက်ဆုံးအခြေအနေ


In this photo taken Tuesday, June 9, 2009 released by Free Burma Rangers, Karen villagers board a pickup truck as they flee the fighting between Myanmar soldiers and Karen guerrillas into Thailand's Tha Song Yag district of Tak province. More than 4,000 e
In this photo taken Tuesday, June 9, 2009 released by Free Burma Rangers, Karen villagers board a pickup truck as they flee the fighting between Myanmar soldiers and Karen guerrillas into Thailand's Tha Song Yag district of Tak province. More than 4,000 e

မြဝတီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲသံ -

မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတဝိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတဝိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတဝိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။”

အခုဆိုရင် ကလိုထူးဖောဗျူဟာက ဝလေစခန်းကို လာတဲ့ စစ်အစိုးရဘက်က စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို ဒီကေဘီအေ ဘက်က စစ်ဆေးဖို့ရှိတာကြောင့် ဖမ်းဆီးထားပြီး ဒီကေဘီအေ တပ်ထဲမှာပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ခွဲမှူးအဆင့် ရှိသူတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ ရဲဘော်တချို့ကိုလည်း ထိန်းသိမ်းထားမှုတွေ ရှိနေပါ တယ်။ ခ.လ.ရ (၃၅၆) စစ်တပ်အတွက် ရိက္ခာ လာပို့တဲ့ ကားတစီးကိုလည်း ဒီကေဘီအေဘက်က ဖမ်းဆီးထားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“ရိက္ခာပို့တဲ့ကားလေ တံတားကို ဒီနေ့ဖြတ်လို့ ကျနော်တို့ ဖမ်းထားတယ်။ သူတို့က ရန်သူကို ထောက်ပံ့ တာဆိုတော့ ကျနော်တို့ရဲ့ ရန်သူလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကို ရန်သူလို့ မသတ်မှတ်ပါ ဘူးနော်။ ကျနော်တို့ အေးအေးဆေးဆေး ခေါ်သွားပါတယ်။ သူတို့က ရန်သူကို ရိက္ခာသွားပို့တော့ သူတို့က ရန်သူကို သတင်းပေးမှာစိုးလို့ ကျနော်တို့ ဖမ်းထားတယ်နော်”

ဒီနေ့မနက် ၃ နာရီအချိန်လောက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမဲရုံး၊ မွန်ကျောင်းမဲရုံး၊ ရပ်ကွက် ၄ မဲရုံးတွေ နေရာမှာ မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေကို မြန်မာစစ်တပ်ဘက်ကနေ လာရောက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒီနေ့နေ့ခင်းမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေအနေနဲ့ တကွဲတပြားစီ ဖြစ်နေကြပြီး တဦးနဲ့တဦး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်အခြမ်းက နယ်ခြားစောင့်တပ်ဘက်ကို လာတဲ့ ဒုက္ခသည်တွေကတော့ ည မိုးချုပ်တဲ့ အထိကို လာနေဆဲပဲဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။

XS
SM
MD
LG