သုံးရလွယ်ကူစေသည့် Link များ

ကေအိုင်အေ၊ ကချင်လွတ်လပ်ရေးတပ်ရုံးတွေကို ရုတ်သိမ်းခိုင်း

  • နူးပန်

ကချင်ပြည်နယ်၊ လွတ်မြောက်ရေးတပ်ဖွဲ့၊ ကေအိုင်အို ရဲ့ ကချင်ပြည်နယ် နေရာအနှံ့ထားရှိတဲ့ ဆက်သွယ် ညှိနှိုင်းရေးရုံးတွေကို ရုပ်သိမ်းလိုက်ဖို့ အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သတိပေး လိုက်ပါတယ်။

နှစ်ဖက်ကြားမှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နူးပန်က ပြောပြပေးပါမယ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ကေအိုင်အိုကို မြန်မာနိုင်ငံတ၀ှမ်းမှာရှိတဲ့ သူတို့ရဲ့ ဆက်ဆံရေးရုံးတွေ ရှိသမျှအားလုံး အမြန်ဆုံးရုတ်သိမ်းပေးဖို့အတွက် မြန်မာ စစ်အစိုးရက မြစ်ကြီနားဆက်ဆံရေးရုံးချုပ်က အရာရှိ ဂျီးနောင်ကို ဖုန်းနဲ့သတိပေးပြောဆိုလာတဲ့အတွက် ၂၅ ရက်နေ့နောက်ဆုံးထားပြီးပြောင်းပေးမယ်လို့ ရက်သတ်မှတ်လိုက်ပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အမိန့်အရ ပြောဆိုလာတာဖြစ်ပြီး ကေအိုင်အိုကတော့ အစောပိုင်းက ရုံးတွေ ရုတ်သိမ်းဖို့ကိစ္စအတွက် အကြောင်းပြန်ခဲ့ပါသေးတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က အရေးပေါ်စည်းဝေးလုပ်ပြီး ဟိုပင်နဲ့ မိုးညှင်းမှာလို အရပ်ဘက်အုပ်ချုပ်ရေးရုံးအရာရှိတွေ လာနေတာမျိုးကိုပဲ တားမြစ်မယ်လို့ ရုတ်သိမ်း ဖို့ အဆင်သင့်မရှိသေးကြောင်း အကြောင်းပြန်ခဲ့ပေမဲ့ ငြိမ်းချမ်းစွာနဲ့မရုတ်သိမ်းရင် အကြမ်းဖက်သိမ်းယူမှု အထိ အခြေအနေ တင်းမာလာနိုင်ဖွယ် ပြောဆိုခဲ့တယ်လို့ ကေအိုင်အို အရပ်ဘက်အရာရှိတစ်ယောက်က ကချင်လို ပြောပါတယ်။

ပြန်အကြောင်းကြားလိုက်တော့ အကြမ်းနည်းနဲ့ သိမ်းယူနိုင်ဖွယ် ပြောဆိုမှုကြောင့် မနေ့တစ်နေ့ (စနေနေ့) ဗဟိုကော်မတီက စည်းဝေးပြန်လုပ်လိုက်တော့ မြန်မာစစ်အစိုးရက မြစ်ကြီးနား ဆက်ဆံရေး ရုံးရယ်၊ ဘူးဂါး ရုံးကြီး( စီးပွားရေးဆက်သွယ်ရေးရုံး)၊ ဘူးဂါးလျှပ်စစ်ရုံး၊ အဲဒီသုံးခုက လွဲပြီး အားလုံးရုတ်သိမ်းလိုက်တယ်လို့ အမိန့်သက်မှတ်လိုက်ပါတယ်၊ အဲဒါကြောင့် အရင်က သဘောတူ ကတိစာချုပ် ချုပ်ခဲ့တာတွေ အခုကတော့ လုံးဝမရတော့ဘူးဆိုတဲ့သဘောတွေ ဖြစ်သွားပါတယ်။ ခုချိန် သူတို့ဖမ်းချင်ဖမ်း ဘာလုပ်ချင်လုပ် အခြေအနေ ဖြစ်နေပါတယ်လို့ ပြောသွားပါတယ်။

အခုအစိုးရက ချန်ထားတဲ့ မြစ်ကြီးနားကရုံးတွေကတော့ ဘူးဂါးကုမ္မဏီတို့ဟာ ငွေကြေးများစွာနဲ့ ရင်းနှီးထား တာဖြစ်ပြီး ရေအားလျှပ်စစ်နဲ့ သကြားစက်တွေ လည်ပတ်နေသလို ကျောက်စိမ်းအပြင် စီးပွားရေး ဆက်သွယ်ရေးတွေ လုပ်နေပြီး အစိုးရကတော့ လိုရင်လိုသလို ဆက်သွယ်ဖို့ကိစ္စ ရှိသေးတဲ့အတွက် ချန်ထားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် နေပါတယ်။

ကချင်ပြည်နယ် နေရာအနှံ့ရုပ်သိမ်းလိုက်ရတဲ့ ကေအိုင်အိုဆက်ဆံရေးရုံးတွေအားလုံး ၂၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အခုလို ရုတ်သိမ်းလိုက်တဲ့အတွက် ကေအိုင်အိုလည်း ထိခိုက်နစ်နာသလို ကချင်ပြည်သူလူထုအတွက်လည်း နစ်နာတာတွေရှိတယ်လို့ အရာရှိတွေကပြောပါတယ်။

တကယ်တမ်း ရုံးတွေရှိတဲ့အချိန်မှာလည်း စစ်အစိုးရဘက်က ဆက်သွယ်မှုတွေ လုံးဝ ရပ်ထားတယ်လို့ အစောက အရာရှိကပဲ ကချင်လို ဆက်ပြောပါတယ်။

ကျနော်တို့သတ်မှတ်ထားမျိုး သူတို့ဘက်ကတော့ စာမရေးဘူး။ ကျနော်တို့ပဲုံးလို သက်မှတ်ထားတာ၊ စက်တင်ဘာကုန်က ရဲမြင့်ပြောထားတာဟာ သူတို့ ပြောသလို လက်မခံလို့ရှိရင် ၉၄ ခုနှစ် မတိုင်ခင်က အခြေအနေတရပ်လို ဖြစ်မယ်လို့။ အဲလိုပြောတာ။ ကျနော်တို့ဘက်က ငြိမ်းချမ်းရေးလည်းရုတ်သိမ်းပြီ။ တိုင်းပင်ဆွေးနွေးတာလည်း မရှိတော့ဘူးလို့ ကျနော်တို့က အဲလို သတ်မှတ်ယူလိုက်တာ။ စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျနော်တို့ ငြင်းဆန်နေရင်၊ ပြန်ခံရရင် သူတို့ပြောတာကို ကျနော်တို့ပြန်ကြည့်ရင် တော်တော်လေး မြန်ဆန်ရ တော့မဲ့ အပိုင်းရောက်နေတယ်။ မေးမြန်းဖို့ အကြောင်းလည်း မရှိတော့ပါဘူး။ တစ်ချို့တော့ ပြန်ပြီး ဆွေးနွေးစေချင်နေတယ်လို့ ပြောသွားတာပါ။

သူတို့ဘက်က ရုတ်သိမ်းတာ၊ ရှောင်ဖယ်တာ မလုပ်ဘူးဆိုရင် နည်းအမျိုးမျိုးနဲ့ ရုတ်သိမ်းအောင် အစီ အစဉ်ရှိနေတယ်ဆိုတော့ ဒဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးတာမလုပ်ဘဲ အမိန့်ပေးလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒါကြောင့် ကေအိုင်အိုက သူတို့ ရုံးတွေရှိနေတဲ့ရာကနေ ပစ္စည်းတွေသိမ်းဆည်းပြီး ဌာနဆိုင်ရာဆီကို ပြန်နေကြပါပြီ။ ပိုမို တင်း မာလာတဲ့အခြေအနေဖြစ်လာတဲ့အတွက် အမြန်ဆုံးရုတ်သိမ်းနေတာဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်အစိုးရ၊ စစ်တပ်စစ်သားတွေကချင်ပြည်နယ်တွင်း လှုပ်ရှားမှုအပါအ၀င်တွေ တွေ့နေရ သလို မြစ်ကြီနားမြို့မှာ လည်း မကြာသေးခင်က မြင်းတွေကို ကားအစီး၂၀ ကျော်နဲ့ ပို့နေတာတွေ တွေ့နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလဆန်းမှစ၍ လက်နက်ချဖို့နဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲဖို့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပြီး နောက်ကစလို့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရအခြေအနေတွေ တစတစတင်းမာလာနေတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အစိုးရပိုင် သတင်းစာတွေမှာလည်း ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) ကို “သောင်းကျန်သူများ” လို့ ဖော်ပြလိုက်ပါတယ်ရှင်။

XS
SM
MD
LG