သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် ရွေးကောက်ပွဲအနိုင်ရသူကို အာဏာလွဲှပေးဖို့ ပြင်သစ်တောင်းဆို

အိုင်ဗရီကို့စ် ရွေးကောက်ပွဲအနိုင်ရသူကို အာဏာလွဲှပေးဖို့ ပြင်သစ်တောင်းဆို
အိုင်ဗရီကို့စ် ရွေးကောက်ပွဲအနိုင်ရသူကို အာဏာလွဲှပေးဖို့ ပြင်သစ်တောင်းဆို

Ivory Coast နိုင်ငံမှာ သမ္မတ Laurent Gbagbo ဟာ ဒီတပတ်ထဲမှာ ရာထူးကထွက်မပေးရင် ဥရောပရဲ့ ပိတ်ဆို့ တားမြစ်မှု ခံရလိမ့်မယ်လို့ ပြင်သစ်သမ္မတ Nicolas Sarkozy က ဒီကနေ့ ပြောလိုက်ပါတယ်။ သမ္မတနှစ်ဦးတို့ရဲ့ တဘက်နဲ့တဘက်ကြား ပိုတင်းမာလာတဲ့ ဆန္ဒပြပွဲတွေကနေ လူအသေအပျောက် များလာနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရမှာမို့ ဒီသတိပေးချက်ကိုသမ္မတ Sarkozy က သောကြာနေ့က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ Laurent Gbagbo ကတော့ ရာထူးကထွက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုတဲ့ သမ္မတ Ouattara ကို အာဏာလွှဲဖို့ ငြင်းဆန်နေပါတယ်။

Mr. Ouattara ကတော့ သမ္မတ Laurent Gbagbo ကို သစ္စာခံနေတဲ့ အစိုးရပိုင်အသံလွှင့်ဌာနကို သိမ်းပိုက် ဖို့က သူ့ကို ထောက်ခံသူတွေကို ချီတက်ဆန္ဒပြဖို့ နှိုးဆော်လိုက်ပါတယ်။ ကြာသာပတေးနေ့က အသံလွှင့် ဌာနကို သိမ်းပိုက်ဖို့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ဘဲ ထောက်ခံသူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အနည်းဆုံးလူ ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG