သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံရေးခေါင်းဆောင် ခိုလှုံခွင့်ကိစ္စ တရုတ်အစိုးရငြင်း


တရုတ်နိုင်ငံရေးခေါင်းဆောင် ခိုလှုံခွင့်ကိစ္စ တရုတ်အစိုးရငြင်း
တရုတ်နိုင်ငံရေးခေါင်းဆောင် ခိုလှုံခွင့်ကိစ္စ တရုတ်အစိုးရငြင်း

တရုတ်နိုင်ငံရဲ့ အဆင်မြင့်နိုင်ငံရေးခေါင်းဆောင်တဦးဟာ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို လာရောက်ခဲ့တဲ့ ဆိုတဲ့ ကိစ္စကို တရုတ်အစိုးရက ဒီနေ့ ကြာသာပတေးနေ့မှာ ငြင်းဆိုလိုက်ပါတယ်။

ချုံကင်းမြို့ ရဲချုပ်ဟောင်းလည်းဖြစ် ဒုတိယမြို့တော်ဝန်လည်းဖြစ်ခဲ့တဲ့ Wang Lijun ဟာ အခု သတင်းပတ် အစော ပိုင်းတုန်းက Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို လာရောက်ခဲ့တယ်ဆိုတာကို အမေရိကန် အရာရှိ တွေက ဗုဒ္ဒဟူးနေ့က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးပြောဆိုသလဲ အသေးစိတ်ကိုတော့ မထုတ်ပြန် ပါဘူး။ သတင်းအချို့မှာ သူဟာ အမေရိကန်သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့တာဖြစ်တယ်လို့ ခန့်မှန်း ရေးသား နေကြပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Cui Tiankai ကတော့ ကြာသာပတေးနေ့မှာ ဒီကိစ္စကို ငြင်းဆိုပါတယ်။ ဒီပြဿနာကို ဖြေရှင်းထားပြီးဖြစ်သလို၊ လာမယ့် ရှေ့သတင်းပတ်ထဲ တရုတ် ဒု သမတ Xi Jinping အမေရိကန် ခရီးစဉ်အပေါ် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Wang Lijun ကို ပြီးခဲ့တဲ့သတင်းပတ်က Chongqing ရဲချုပ်ရာထူးကနေ အနားပေးခဲ့ပါတယ်။

Chongqing မြို့ရဲ့ သြဇာရှိတဲ့ ကွန်မြူနစ်ပါတီအတွင်းရေးမှုး Bo Xilai နဲ့ မပြေမလည်ဖြစ်ခဲ့ပြီး အခုလို ရာထူး ကနေ အနားပေးခံရတာလို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ Wang ဟာ အလုပ် တာဝန်တွေ ဖိစီးမှုကြောင့် အနားယူရမယ့် အခြေအနေဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်တဲ့နောက် ကောလဟာလသတင်းက ပိုကျယ်ပြန့်လာပါတယ်။ တရုတ်နိုင်ငံမှာ နိုင်ငံရေးအရ အနားပေးတယ် ရာထူးက ထုတ်ပယ်တယ်ဆိုရင် ကျန်းမာရေးကို အကြောင်းပြလေ့ရှိပါတယ်။

XS
SM
MD
LG