သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလင်ကန် သမ္မတလောင်း အင်္ဂါနေ့မဲပေးပွဲ အဆုံးအဖြတ်ပေးနိုင်

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ကြီး ၁၀ ခုမှာ Super Tuesday လို့ခေါ်တဲ့ Republican ပါတီ သမ္မတလောင်း အရည်အချင်းစစ် ရွေးကောက်ပွဲကို ဒီကနေ့ အင်္ဂါနေ့မှာ မဲပေးကြတော့မှာဖြစ်ပါတယ်။

အရင်ကျင်းပခဲ့တဲ့ Primary ခေါ် ပြည်နယ်အစိုးရတွေကြီးမှူးတဲ့ သမ္မတလောင်းပဏာမရွေးကောက်ပွဲနဲ့ caucuses ခေါ် ပါတီတွင်း မဲပေးပွဲတွေထက် ဒီနေ့ Super Tuesday ရွေးကောက်ပွဲမှာ မဲအရေအတွက် ပိုများမှသာ သမ္မတလောင်း အရွေးခံရဖို့ သေချာမှာဖြစ်ပါတယ်။ သမ္မတလောင်းရွေးခံရဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးရဲ့ ကိုယ်စားလှယ် စုစုပေါင်း ၁၁၄၄ ယောက်ရဲ့ ထောက်ခံမဲပြည့်ဖို့လိုအပ်နေတာပါ။

ရှေ့ဆုံးကပြေားနေတဲ့ Mitt Romney က ပြီးခဲ့တဲ့ပြည်နယ် ၅ ခု ရွေးကောက်ပွဲမှာ အနိုင်ရထားတာကြောင့် ဒီနေ့ပွဲမှာ လည်း နိုင်ချေရှိနေပါတယ်။ ပြိုင်ဘက် Rick Santorum ကလည်း ဖေဖေါ်ဝါရီလအတွင်း ပြည်နယ် ၃ ခုမှာ ဆက်တိုက် အနိုင်ရထားတဲ့ အရှိန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

အမေရိကန်သမ္မတလောင်း ရွေးပွဲတွေမှာ အစဉ်အလာအရ အဓိကအကျဆုံး အနောက်အလယ်ပိုင်းက Ohio ပြည်နယ်မှာ Mitt Romney ရော၊ Rick Santorum ပါ မနေ့က တနင်္လာနေ့က အကြိတ်အနယ် စည်းရုံရေး ဆင်းခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ လက်ရှိ သမ္မတအိုဘားမားအပေါ် လူကြိုက်များတဲ့နှုန်း တဖြည်းဖြည်းပြန်တက်လာတာ တွေ့နေရပါတယ်။

This item is part of
XS
SM
MD
LG