သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိ


ဇန်နဝါရီလ ၁၂ ရက်နေ့က ဟောင်ကောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျသွားသော လျှူအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ထောက်ခံနေစဉ်
ဇန်နဝါရီလ ၁၂ ရက်နေ့က ဟောင်ကောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျသွားသော လျှူအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ထောက်ခံနေစဉ်

ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို တရုတ်ပြည်က အစိုးရနဲ့သဘောကွဲပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ လျူရှောင်ဘိုက ရရှိသွားပါတယ်။ တရုတ်ပြည်မှာ အခြေခံ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် နှစ်ရှည် တိုက်ပွဲဝင်ခဲ့တာကြောင့် နိုဘယ်လ်ဆု ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ဆိုပါတယ်။ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကြားမှာ နီးနီးကပ်ကပ် အဆက်အစပ် ရှိတယ်လို့ ကော်မတီက ယုံကြည်ကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ နိုဘယ်လ်ငြိမ်းချမ်းရေး ကော်မတီက ပြောပါတယ်။

နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ့ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားခဲ့ပါတယ်။ တရုတ်ပြည်မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ နှိုးဆော်ထားတဲ့ ၂၀၀၈ ကြေညာစာတမ်းကို တခြားသူတွေနဲ့ သူက ရေးသား လက်မှတ်ထိုးခဲ့သူ ဖြစ်ပါတယ်။

သူ့အပေါ် ချမှတ်ထားတဲ့ ပြင်းထန်လှတဲ့ ပြစ်ဒဏ်ကြောင့် သူဟာ တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်လို့ နိုဘယ်လ်ကော်မတီက ပြောပါတယ်။

လျူရှောင်ဘိုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့အတွက် ကမ္ဘာတဝန်း လူ့အခွင့်အရေးအဖွဲ့တွေက ချီးမွမ်းပြောဆိုနေကြချိန်မှာ တရုတ်အစိုးရကတော့ အလွန်ကို ကွဲပြားစွာ တုံ့ပြန်လိုက်ပါတယ်။

နိုဘယ်လ်ဆု ချီးမြှင့်တဲ့မူတွေနဲ့ လုံးဝဆန့်ကျင်နေပြီး မြင့်မြတ်လှတဲ့ နိုဘယ်လ်ဆုကြီးကို ယုတ်ညံ့အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လျူ ကို တရုတ် ဥပဒေတွေကို ချိုးဖောက်တဲ့ ရာဇဝတ်သားတစ်ယောက်အဖြစ် တရုတ်အစိုးရက သုံးနှုန်းပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG