သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းဗုံးခွဲဖို့ Al-Qaida ကြံစည်မှု အမေရိကန်ဟန့်တား

Attorney General John Ashcroft announces at FBI headquarters that Jamal Ahmed Mohammed al-Badawi, shown in the wanted poster at right, and Fahd Al-Quso were charged as al-Qaida members who helped plan the attack on the USS Cole that killed 17 American sai

အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာမယ့် လေကြောင်းခရီးတခုကို ဗုံးခွဲဖျက်ဆီးမယ့် အစီအစဉ်တခု တားဆီးလိုက်နိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ယီမန်နိုင်ငံ အယ်ကိုင်းဒါးဂိုဏ်က အသေခံဗုံးခွဲမယ့် အကြမ်းဖက်သမားကို သူ့ရဲ့ အဝတ်အစားတွေထဲ စနက်တံပါတဲ့ ပေါက်ကွဲမယ့် ပစ္စည်းတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပျံသန်းမယ့် လေယဉ်ပေါ်တင်ပေးလိုက်ဖို့ ရည်ရွယ်ခဲ့တဲ့အကြောင်း ဝါရှင်တန် အာဏာပိုင်တွေက ပြောပါတယ်။

ဒီအကြံအစည်ကို စုံစမ်းထောက်လှမ်းလို့ရပြီး ဗုံးကိုလည်း အချိန်မှီ ဖမ်းမိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အိုစမာဘင်လာဒင် သေဆုံးမှုနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စနစ်တကျ တီထွင်ထားတဲ့ ဝတ်စုံနဲ့ လုပ်ကြံဖို့ စီစဉ်ခဲ့ကြတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ၂၀၀၉ ခုနှစ် အမ်စတာဒမ်ကနေ ဒီထရွက်မြို့ကို ပျံသန်းမယ့် လေယဉ်ကို ခွဲမယ့် ဗုံးဒီဇိုင်းအတိုင်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG