သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

ကရင်ပြည်နယ်က တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်သွားတဲ့အချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာတော့ မနေ့က စပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အသွင်ပြောင်းရေးလက်မခံတဲ့ ဗိုလ်ချုပ်ပန်ဖှာ့ခေါင်းဆောင်တဲ့ သျှမ်းပြည်တပ်မတော် (ဝမ့်ဟိုင်းဌာနချုပ် လက် အောက်ခံ) တပ်ရင်း အမှတ် ၂၄ ကို တပ်မ ၃၃ လက်အောက်ခံ ခ.လ.ရ ၂၈၆ က မနေ့ညနေ ၅ နာရီကနေ ည ၇ နာရီခွဲအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂၄ ကို ဒု-တပ်ရင်းမှူး စိုင်းကောင် ဦးဆောင်တိုက်ခိုက်တာဖြစ်ပြီး မနေ့ကတိုက်ပွဲမှာတော့ ရှမ်းဘက်ကအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့မနက် န.အ.ဖ ဘက်က ဒဏ်ရာရ တဲ့လူတွေကို လာခေါ်ထုတ်နေပြီး ဒဏ်ရာ ရတဲ့လူဦးရေကိုတော့ အတိအကျမသိရသေးပါဘူးလို့ ရှမ်းတပ် အရာရှိတဦးက ပြောပါ တယ်။

မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် အနီးအနားနဲ့ဒေသတွင်းရှိ ကျေးလက်ရွာပေါင်း ၁၀ ရွာကျော်က တောတောင်ထဲ တိမ်းရှောင်နေရပြီး တချို့ကလည်း သံလွင်အရှေ့ ၀ နယ်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

……….

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဝင်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေအားလုံး (ပြည်နယ်လွှတ်တော်ကလွဲလို့) ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီမှ ကိုယ်စားလှယ်လောင်း ၁၅၆ အနက် ၅၇ ဦး အနိုင်ရခဲ့တာပါ။

……………………

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားပါတယ်။

ကရင်ပြည်နယ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းအမျိုးသားလွှတ်တော် ၃ ယောက်နဲ့ ကျိုက်မရောက တစ်ယောက်ကတော့ ကြေညာတဲ့အထဲမှာ မပါသေးဘူးလို့ ပါတီဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ တိုင်းရင်းသား ပါတီသုံးခုဖြစ်တဲ့ ချင်းအမျိုးသားပါတီ၊ (CNP)နဲ့ ချင်းတိုးတက် ရေးပါတီ (CPP) တို့က အမတ်နေရာ ၆၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အခုထိ အတည်ပြု အနိုင်ရ တာက စုစုပေါင်း ၂၁ နေရာဖြစ်ပါတယ်။

…………………….

ကျွန်မက ချမ်းလွန်ပါ။ ခု သတင်းလွှာ တပုတ်ကြားကြရမှာပါ။

ဒီကနေ့ မဟုတ်ရင် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲအပြီးကာလမှာ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်လာခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောလာနိုင်သလဲ။ တိုင်းရင်းသားတွေအတွက်ကော ဘာတွေများ ထူးခြားလာနိုင်မလဲဆိုတာ တိုင်းရင်းသား ခေါင်းဆောင်အချို့ကို မေးမြန်းထားတာကို စိုင်းမိဏ်းက စုစည်းထားပါတယ်။

……………….

တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာတော့ အမြင်အမျိုးမျိုး ရှိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထောက်ပြပြောဆိုမှာပဲ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၆ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ကော်မတီက ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက်လာခဲ့မယ်ဆိုရင်တော့ ဒီ ၇ ရက်နေ့က မကြာမီက ပြီးစီး သွားခဲ့တဲ့ ရွေးကောက်ပွဲအပေါ်မှာ အများက ဝေဖန်နေသလို သူကလည်း ဝေဖန်လာလိမ့်မယ်။ သူ့ရဲ့ ဝေဖန်မှုဟာ သူများတွေပြောတာထက် ပိုပြီးတော့ ထိရောက်ပါလိမ့် မယ်။ သူကလည်း နိုင်ငံရေးခေါင်း ဆောင် တယောက်ဆိုတော့ အဲဒီကိစ္စကို ငြိမ်နေမှာ မဟုတ်ဘူး၊ ပြောမှာပဲ”

ဒါတင်သာမက တိုင်းရင်းသားအရေးကိစ္စတွေမှာလည်း ပြောဆိုမှုတွေ လုပ်လာမှာပဲလို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

“နောက်အထဲမှာရှိတဲ့ ကလေးကြေညာချက်မှာ ဒုတိယ ပင်လုံအစည်းအဝေးကို ခေါ်ထားတာ။ အဲဒီအတွက်လည်း သူက ထောက်ခံလာ လိမ့်မယ်လို့ ကျနော်မြင်တယ်”

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခဲ့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည် စုစည်း လှုပ်ရှားတာတွေသာမက လက်ရှိ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသက လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်း ဖို့ လုပ်ဆောင်လာမယ်ဆိုတာ ယုံကြည်တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အထူးသဖြင့် မြဝတီမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အပေါ် မှာ ပြည်သူလူထုတွေ ဒုက္ခရောက် နေကြတဲ့ မြင်ကွင်းတွေ၊ ဟိုးဘက် မြောက်ပိုင်းမှာလည်း စစ်မီးတွေ ပြန်ထလာမယ့် အနေအထားတွေ ဒါတွေဟာ ဒေါ်စုအတွက် မမြင်ချင်၊ မဖြစ်စေချင်တဲ့ ဆန္ဒတွေပေ့ါ။ အဲဒီအတွက်လည်း အဖြေရှာဖို့ န.အ.ဖကို သူတိုက်တွန်းမှာပဲ”

ဒါပေမယ့်လည်း မြန်မာစစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်တဲ့ အနေအထားမှာ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ များများ စားစားလုပ်နိုင်မှာ မဟုတ်ဘူးလို့ သျှမ်းပြည်တပ်မတော်-တောင် ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ် ရွက်ဆစ်က ပြောပါတယ်။

“အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးပေနေတဲ့ အရပ် သားအစိုးရပဲ။ အဲဒါကြောင့်သူတို့က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ မလုပ်နိုင်အောင် သူတို့ လိုက်လံ ကာဆီး ကာဆီးလုပ်နေမှာပဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဘာမှ လုပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ပဲ ပြောလိုတယ်”

ဒါကတော့ သျှမ်းပြည်တပ်မတော်၊ တောင်ပိုင်းခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG