အီဂျစ်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာ Muslim Brotherhood ပါတီက အနိုင်ရသွားပါတယ်။ လွှတ်တော်အသစ်မှာ ၄၇ ရာခိုင်နှုန်း နေရာရပါလိမ့်မယ်။
အီဂျစ် ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ပဲ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို ကြေညာခဲ့တာပါ။
အီဂျစ် ပြည်သူ့လွှတ်တော်က အမတ်နေရာ ၄၉၈ နေရာမှာ ၂၃၅ နေရာကို Brotherhood အဖွဲ့ရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတရေး ပါတီ FJP က ရသွားတယ်လို့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောပါတယ်။