“မြန်ပြည်အထက်ပိုင်း မဲပေးမှုနောက်ဆုံးအခြေအနေ”
စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မြန်မာပြည်အထက်ပိုင်းက အခြေအနေတွေကိုစောင့်ကြည့်နေတဲ့ ကိုမိုးဇော်ကို မဲပေးမှု နောက်ဆုံးသိရတဲ့အခြေအနေတွေကို သိရအောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုမိုးဇော်။ ။ လောလောဆယ်ကျနော်ရထားတာတော့ ပဲခူးတိုင်း၊ သာယာဝတီဘက်ကိုရထားပါတယ်။ သာယာဝတီနယ် မှာတော့ တ.စ.ည နဲ့ ဒီမိုကရက်တစ်(မြန်မာ)ပါတီက အခုချိန်ထိနိုင်ရတာများနေတယ်လို့သိရပါတယ်။ မဲဆန္ဒနယ် ၁၄ ခု လောက်မှာ ဒီပါတီတွေက အနိုင်ရထားတယ်။ အမျိုးသားနဲ့ပြည်သူ့လွှတ်တော်မှာတော့ တ.စ.ညက အနိုင်များနေပြီးတော့ တိုင်းဒေသကြီးလွှတ်တော်မှာတော့ ဒီမိုကရက်တစ်ပါတီက အနိုင်များတယ်လို့ပြောနေပါတယ်။
ပဲခူးတိုင်း ပြည်မြို့ နယ်ဘက်ကိုမေးတဲ့အခါမှာတော့ တချို့ မဲဆန္ဒနယ်တွေမှာအငြင်းပွားမှုတွေဖြစ်နေတယ်။ အဓိက ဖြစ် နေတာကတော့ အမှတ် ၄ ကျောင်း မဲရုံ အငြင်းပွားနေတယ်လို့ပြောပါတယ်။ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်ပါတီကို ထောက်ခံမဲပေးတဲ့မဲပြားတွေမှာ မှင်စွန်းတာကြောင့်လို့ပြောပါတယ်။
အမှတ်၂ မဲဆန္ဒနယ်၊ ခေတ္တရာ ၁၀ မြောင်းဝင်းက မဲဆန္ဒနယ်တွေမှာတော့ ကြံ့ဖွံ့က အနိုင်ရနေတယ်လို့ပြောပါတယ်။ ဒါကလည်း ကြိုတင်မဲတွေအဆုံးဖြတ်နဲ့ အနိုင်ရတာလို့ပြောပါတယ်။ မန္တလေးမြို့က အဓိကမြို့ နယ် ၄ မြို့နယ်မှာတော့ NDFလို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုက အနိုင်များနေပါတယ်။
ဒုတိယ အနိုင်များတာကတော့ တ.စ.ညပါတီ။ တတိယကတော့ ကြံ့ဖွံ့ကလိုက်နေတယ်လို့ သိရပါတယ်။ အမရပူရဘက် မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့ပါတီကို မဲတွေအတင်းထည့်ခိုင်းတာကြောင့်မို့ တ.စ.ညပါတီက ကန့်ကွက်တာ တွေလည်း ရှိနေ တယ်လို့သိရပါတယ်။ ကျနော်တို့ ချင်းပြည်နယ်ဘက်ကိုလည်း လိုက်ထားပါတယ်။ ချင်းပြည်နယ် မင်းတပ်ဘက်မှာတော့ မရှီယောလို့ခေါ်တဲ့ကျေးရွာက မဲဆန္ဒနယ်မှာတော့ တ.စ.ညပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ် လွှတ်တော် ၃ ခုလုံးမှာ အနိုင်ရထားတယ်။ ဘောရွာမှာတော့ ချင်းတိုးတက်ရေးပါတီက လွှတ်တော် သုံးခုလုံးမှာ အနိုင်ရထားတယ်လို့သိရပါတယ်။ မင်းတပ်အနောက်ရပ်ကွက်က မဲရုံ၃ ရုံမှာတော့ တခုပဲ သိရပါသေးတယ်။ အဲဒီမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်နယ် လွှတ်တော်မှာ အနိုင်ရထားတယ်လို့သိရပါတယ်။ ဟားခါးဘက်မှာတော့ မဲပေးတဲ့လူက သုံးပုံတပုံ လောက်ပဲရှိတယ်။ အဲဒီကမဲရုံအမှတ် ၃ မှာတော့ ချင်းအမျိုးသား တိုးတက်ရေး ပါတီက အနိုင်ရတယ်လို့သိရပါတယ်။ ပြည်နယ် ပ.ရ.ကရုံး မဲဆန္ဒနယ်မှာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရတာများတယ်။ ဒါကလည်း ကြိုတင်မဲဆန္ဒတွေ ရယူထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။
ကျော်အောင်လွင် ။ ။ ချင်းပြည်နယ်မှာနောက်ဆုံးသိရတဲ့ မဲအရေအတွက်တွေအရ အားအသာဆုံး ပါတီက ဘယ်ပါတီလဲခင်ဗျ။
မိုးဇော်။ ။ကျနော့်ကိုပြောတဲ့လူရဲ့ သုံးသတ်ချက်အရဆိုရင်တော့ ချင်းအမျိုးသားပါတီက အနိုင်ရမယ်လို့ ခန့်မှန်းပါ တယ်။ ကချင်ပြည်နယ်ဘက်က မိုးညêင်းမှာလည်း သာယာကုန်းမဲဆန္ဒနယ်တခုကတော့ ကျားဖြူပါတီက အနိုင်ရထား တယ်လို့ သိရပါတယ်။ မိုးညှင်းမြို့ ကမဲရုံတချို့ မှာတော့ မဲပေးသူက ၅၀ရာခိုင်နှုန်းလောက်ပဲလာပေးပါတယ်။