မြောက်ကိုးရီးယားက ကိုးရီးယား ကျွန်းဆွယ်အနောက်ဘက် ကမ်းလွန်ဒေသမှာ ဖြတ်မသွားရအမိန့် ထုတ်ပြန်လိုက်တာကြောင့်
တောင်နဲ့မြောက်ကိုးရီးယားနှစ်နိုင်ငံ တင်းမာမှုတွေ ပိုမိုဆိုးရွားစေနိုင်သလို ကိုးရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ်
မြောက်ကိုးရီးယားဘက်က မစ်ဆိုင်းလ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်လာနိုင်တယ်လို့  အမေရိကန်က သတိပေးလိုက်ပါတယ်။
ကိုးရီးယားစစ်ပွဲနှစ်ပတ်လည်အချိန်မျိုးမှာ မြောက်ကိုးရီးယားအနေနဲ့  တင်းမာမှုတွေ လျော့အောင်လုပ်သင့်ကြောင်း၊ missile ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်မယ်ဆိုရင် မှားယွင်းတဲ့ဘက်ကို ဦးတည်သွားစေမှာဖြစ်တယ်လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့တာပါ။
ကိုးရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းလွန်မှာ တနင်္ဂနွေနေ့ အထိ ဖြစ်မသွားရအမိန့် ထုတ်ပြန်ထားကြောင်း တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အဲဒီနေရာမှာ မသင်္ကာဖွယ် စစ်ရေးလုပ်ဆောင်မှုတွေကို မတွေ့ရသေးပေမယ့် အရင်က မစ်ဆိုင်းလ် ဒုံးကျည်တွေ စမ်းသပ်မပစ်လွှတ်မီ အဲသလိုမျိုး အမိန့်တွေ ထုတ်ပြန်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။
မနေ့ကတော့ တောင်ကိုးရီးယားမှာ ကိုးရီးယားစစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နေ့ရဲ့ နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး
တောင်နဲ့မြောက် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် နှိုးဆော်ခဲ့ပါတယ်။ မြောက်ကိုးရီးယားမှာတော့ အမေရိကန်ဆန့်ကျင်ရေး
လူထုစုဝေးပွဲတွေလုပ်ခဲ့ပြီး သူတို့ရဲ့ နျူးကလီးယားစွမ်းရည်တွေခိုင်မာအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့  ကြုံးဝါးခဲ့ပါတယ်။
မြောက်ကိုရီးယားက ကျွန်းဆွယ် အနောက်ပိုင်းရေပြင် မဖြတ်ရဇုံ သတ်မှတ်
