လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုနဲ့အတူ အသွင်ကူးပြောင်းမှုခြေလှမ်းတွေ စတွေ့လာရပါတယ်။ အခုလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့အချိန်မှာပဲ အစိုးရအတွင်းမှာရော အတိုက်အခံဒီမိုကရေစီအင်အားစုဖက်မှာပါ အကြပ်အတည်းနဲ့ အကဲစမ်းချက်တွေ တွေ့ကြုံနေရတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် စိန်ခေါ်ချက်တွေဟာ ဘာလဲဆိုတာကို ဇန်နဝါရီလ ၇ ရက် စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အဓိက ဆွေးနွေးထားကြပါတယ်။