ဇန်န၀ါရီလ ၁၊ ၂၀၁၁။ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံရေးရဲ့ အထူးခြားဆုံးဖြစ်ရပ်ကတော့ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးလှုပ်ရှားသူတွေအတွက် လုပ်ခွင့်သာခွင့် အခြေအနေကောင်းတွေ ဖန်တီပေးလာနိုင်တယ်လို့ ယူဆပြီး ရွေးကောက်ပွဲ ထောက်ခံခဲ့သူတွေရှိသလို၊ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဇိုးရှည်ရေးအတွက်ဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲ သပိတ်မှောက်သူတွေလည်း ရှိပါတယ်။
ဒီအတွက် ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေအကြား ရွေးကောက်ပွဲအပေါ် အယူအဆအမြင် ကွဲပြားမှုရှိခဲ့သလို၊ အုပ်စုတွေလည်း ကွဲထွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပရာမှာတော့ မဲဆွယ် မဲလိမ်မှုတွေရှိခဲ့တယ်ဆိုပြီး အငြင်းပွားမှုတွေ အတော်များခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအပြီး ဒီနှစ်မှာ လွှတ်တော်အသစ် အစိုးရသစ်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တရပ် ပေါ်လာမယ်လို့ အများစုက သတ်မှတ်ထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့အတူ အထင်ရှားဆုံးနောက်ဖြစ်ရပ်တခုကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့ ဒီထူးခြားချက်နှစ်ရပ်ကို အဓိကထားပြီး ပြီးခဲ့တဲ့နှစ် မြန်မာ့နိုင်ငံရေးကို သုံးသပ်ဆွေးနွေးထားပါတယ်။ တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော၊ ၈၈ မျိုးဆက်ကျောင်းသား ကိုဖြိုးမင်းသိမ်းနဲ့ ဘလော်ဂါမီဒီယာသမား ဒေါက်တာလွဏ်းဆွေတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။